close

J-20 stealth

close

June 21, 2021

တရုတ်ထုတ် J-20 stealth ကိုယ်ပျောက်တိုက်လေယာဉ်များ တပ်တော်ဝင်

တရုတ်အစိုးရဟာ သူ့ရဲ့ ကိုယ်တိုင်တီထွင်တဲ့ အဆင့်မြင့်ဆုံး J-20 stealth တိုက်လေယာဉ်တွေကို သူရဲကောင်းလေတပ် တပ်မဟာတွေဆီ တာဝန်အပ်လိုက်ပြီလို့ ပြည်သူ့လွတ်မြောက်ရေး တပ်မတော်လေတပ်က သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။

J-20 ဟာ တရုတ်ရဲ့ စတုတ္ထမျိုးဆက် တာလတ်နဲ့ တာဝေး ပျံသန်းနိုင်တဲ့ တိုက်လေယာဉ် ဖြစ်ပြီး ၂၀၁၈ က စလို့ လေတပ်မှာ တာဝန်အပ်နှင်းထားတာလို့ စီစီတီဗီသတင်းဌာနက ဖော်ပြပါတယ်။

stealth ကိုယ်ပျောက် ဂျက်လေယာဉ်တွေနဲ့အတူ တရုတ် လေတပ်ဟာ လမ်းကြောင်းသစ် အများအပြားကို လေ့ကျင့်ပျံသန်းခဲ့ပြီး မရောက်ဖူးတဲ့ နယ်မြေ အများအပြားဆီ ရောက်ခဲ့ပြီးပြီလို့ လည်း တရုတ်အစိုးရမီဒီယာ စီစီတီဗီ ရုပ်သံက ပြောပါတယ်။

 J-20 တိုက်လေယာဉ်တွေကို သုံးပြီး လေတပ်ရဲ့ ပြီးပြည့်စုံတဲ့ တိုက်ခိုက်ရေး စွမ်းရည် တွေကို တိုးတက်အောင် လုပ်ပြီးပြီ တရုတ်နိုင်ငံရဲ့ အချုပ်အခြာ လုံခြုံရေးနဲ့ နယ်မြေဂုဏ်သိက္ခာ တွေကို ပိုကောင်းကောင်း ဘေးကင်းလုံခြုံအောင် ထားနိုင်ပြီလို့လည်း စီစီတီဗီက ပြောပါတယ်။

“ပါတီနဲ့ ပြည်သူက အပ်နှင်းတဲ့ ယုံကြည်မှုနဲ့ တာဝန်ကြောင့် ကျနော်တို့ဟာ အဆင့်မြင့်ဆုံး ဂျက်လေယာဉ်တွေ နောက်ဆုံးပေါ် လက်နက်တွေကို တပ်ဆင်နိုင်ခဲ့ပြီးပြီ လေယာဉ်မှူးတွေဟာ တာဝန်တွေကို ထမ်းဆောင်ရင်း တကယ့် တိုက်ခိုက်ရေး စွမ်းရည်တွေနဲ့ ယုံကြည်မှုကို ပေးဆပ်ဖို့ တာဝန်ကို ထမ်းရွက်နိုင်ဖို့ သတ္တိနဲ့ သမာဓိရှိဖို့ လိုတယ်” လို့ J-20 လေယာဉ်မှူး ကောင်းဘင်က ပြောခဲ့ပါတယ်။

2 mins Ago
Up