close

KBC ဗဟိုအတွင်းရေးမှူး

close

August 27, 2021

KBC ဗဟိုအတွင်းရေးမှူး သင်းအုပ်သိက္ခာတော်ရဆရာတော်ကို ဖမ်းဆီးခြင်းမဟုတ်ဟု KBC ဥက္ကဋ္ဌ ပြော

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဗဟိုအတွင်းရေးမှူး သင်းအုပ်သိက္ခာတော်ရဆရာတော် Rev.တူးမိုင်ကို ဖမ်းဆီးတာမဟုတ်ဘဲ ညှိနှိုင်းစရာရှိလို့ ရောက်လာကြတာဖြစ်တယ်လို့ KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွမ်က ပြောပါတယ်။

ဩဂုတ် ၂၆ ရက် ညနေ ၆ နာရီလောက်က မြစ်ကြီးနားမြို့ရှိ ကချင်နှစ်ခြင်းခရစ်ယာန် KBC ဗဟိုရုံးချုပ်ကို ဝိုင်းထားပြီး အင်အားအလုံးအရင်းသုံး လိုက်လံရှာဖွေခဲ့တယ်လို့ လူမှုကွန်ရက် စာမျက်နှာတွေမှာ သတင်းတွေထွက်နေခဲ့တာပါ။

KBC ကနေ ဩဂုတ် ၇ ရက်နေ့က နိုင်ငံရေးအခြေအနေ မတည်ငြိမ်နေတဲ့အချိန်မှာ ကိုဗစ်ကူးစက်မှုကလည်း မြင့်တက်နေတဲ့အတွက် ပြည်သူတွေအတွက် ဆုတောင်းပေးဖို့အတွက် အသင်းသူအသင်းသားတွေကို ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး အဲ့ဒီထုတ်ပြန်ချက်မှာ ပါရှိတဲ့ စကားလုံးကို ဘာသာပြန်မှာယွင်းခဲ့တာကြောင့် လာရောက် တွေ့ဆုံညှိနှိုင်းခြင်းသာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ထုတ်ပြန်ချက်မှာပါတဲ့ နိုင်ငံခေါင်းဆောင်ဆိုတာကို သူတို့ဘက်က ဘယ်သူဘာသာပြန်ပေး တာလည်းတော့ မသိဘူး KIA/KIO ခေါင်းဆောင်လို့ ဘာသာပြန်လိုက်တာပေါ့။ အဲ့မှာ ဆရာ တူးမိုင်က အဲ့ထုတ်ပြန်ချက်မှာ လက်မှတ်ထိုးထားတော့ သူ့ကို ဖမ်းမယ်လုပ်တာကို ကျနော်တို့က ညှိနှိုင်းထားတာပါ။ ဒီညလည်း လာဖမ်းတာတော့မဟုတ်ဘူး၊ လာညှိနှိုင်းတာ။ စစ်ကားရဲကား မပါဘူး။ အရပ်ကားနဲ့ပဲ ရဲဘက်က ၄ ဦး အုပ်ချုပ်ရေးမှူး ၅ ဦးပဲ လာတာ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပြည်နယ်ကောင်စီဥက္ကဋ္ဌ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖို့ စောင့်နေတာပါ” လို့ ဒေါက်တာ ခလမ်ဆမ်ဆွမ်က ပြောပါတယ်။

KBC ကနေ ဩဂုတ် ၇ရက်နေ့က နိုင်ငံရေးအခြေအနေ မတည်ငြိမ်နေချိန်မှာ ကိုဗစ် ရောဂါကူးစက်မှု မြင့်နေတာကြောင့် မြန်မာပြည်သားတွေအတွက် အသင်းသူအသင်းသားတွေ ဆုတောင်း ကူညီပေးဖို့ အချက် ၈ ချက်နဲ့ ဆုတောင်းမယ့်အကြောင်းအရာတွေကို ကချင်ဘာသာနဲ့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

1 min Ago
Up