close

KBC ဥက္ကဋ္ဌဟောင်း

close

May 5, 2023

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန် အတွက်အယူခံ ခရိုင်တရားရုံးပလပ်

ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရတဲ့ KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အတွက် မေလ ၃ ရက်နေ့က ခရိုင်တရားရုံးမှာ အယူခံဝင်ဖို့လုပ်ဆောင်ခဲ့ပေမယ့်  တရားရုံးက ပလပ်လိုက်တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

“မေလ ၃ ရက်နေ့က အယူခံဝင်ဖို့ လုပ်တယ်။ ခရိုင်က ပလပ်လိုက်တာပေါ့။ ခရိုင်မှာက ပလပ်လိုက်တယ်ဆိုတော့ ပြည်နယ်ကိုပြန်ဝင်ဖို့တော့ရှိတယ်။ ဆရာကြီးအတွက် ဥပဒေအတိုင်း လုပ်နိုင်တာ လုပ်သွားမှာပါ။”

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ စွဲဆိုခံထားရတဲ့ အမှုတွေအတွက် ပုဒ်မ ၁၇(၁)နဲ့ ထောင်ဒဏ် ၂ နှစ်၊ ၅၀၅-ကနဲ့ ထောင်ဒဏ် ၁ နှစ်၊ ပုဒ်မ ၅၂(က)အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ကို ဧပြီလ ၇ ရက်နေ့က ချမှတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လိုင်ဇာမြို့ကို သွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်တို့တက်ရောက်တဲ့ အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်းအက်ဥပ‌ဒ ၁၇ (၁) နဲ့တရားစွဲခဲ့တာပါ။

၅၀၅ (က) အတွက်ကတော့ အာရှဇုန်နယ်လူငယ်တွေအတွက် ဟောပြောပွဲတစ်ခုမှာ “ခရစ်တော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့” ခေါင်းစဉ်နဲ့ ဟောပြောတဲ့အချိန် နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးတွေပါဝင်တယ်ဆိုပြီး စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

နောက်တိုးအနေနဲ့ လိုင်ဇာမြို့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်တို့ ၃ ယောက်ကို သွားတွေ့တယ်ဆိုတဲ့ အချက်နဲ့ ပုဒ်မ အကြမ်းဖက်ဥပေဒပုဒ်မ ၅၂(က)နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာပါ။

ဒေါက်တာခလမ်ဆမ်ဆွန်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့က ဘန်ကောက်မြို့ကို ဆေးကုဖို့ သွားရောက်တုန်း မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခံရပြီး ပြန်လွှတ်ခဲ့ပေမယ့် ဒီဇင်ဘာ ၅ ရက်နေ့ မြစ်ကြီးနားကို ပြန်လာတုန်း လေဆိပ်မှာ ထပ်မံဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

5 mins Ago

March 28, 2023

KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်ကို ရုံးထုတ်စစ်ဆေး

စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ်ဆမ်ဆွန်ကို မတ် ၂၈ ရက်နေ့က မြစ်ကြီးနားအကျဥ်းထောင်း အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

“ဒီတခေါက်ရုံးချိန်းမှာတော့ အမှု ၃ ခုစလုံးအတွက် စစ်ဆေးမေးမြန်းစရာရှိတာ အကုန်ပြီးသွားပြီ။ နောက်လာမယ့်ရုံးချိန်း ဧပြီ ၄ရက်နေ့မှာ လျှောက်လဲချက်ပေးရမှာ” လို့ ဒေါက်တာခလမ်ဆမ်ဆွန်ရဲ့ တရားလွတ်တော်ရှေ့နေ ဒေါင်နန်းက ပြောပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လိုင်ဇာမြို့ကို သွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ တက်ရောက်တဲ့ အစည်းအဝေးတခုကို တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်းအက်ဥပ‌ဒ ၁၇ (၁) နဲ့ တရားစွဲခဲ့တာပါ။ 

၅၀၅ (က) အတွက်ကတော့ အာရှဇုန်နယ်လူ ငယ်တွေအတွက် ဟောပြောပွဲတခုမှာ “ခရစ်တော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့” ခေါင်းစဉ်နဲ့ ဟောပြောတဲ့အချိန် နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးတွေ ပါဝင်တယ်ဆိုပြီး စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

နောက်တိုးအနေနဲ့ လိုင်ဇာမြို့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင်နဲ့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်တို့ ၃ ယောက်ကို သွားတွေ့တယ်ဆိုတဲ့ အချက်နဲ့ ပုဒ်မ အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာပါ။

ဒေါက်တာခလမ်ဆမ်ဆွမ်နဲ့ တွေ့ဆုံခွင့်ရရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ကနေ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆီ ပြီးခဲ့တဲ့ ဒီဇင်ဘ ၁၅ ရက်နေ့က စာတင်ခဲ့ပေမယ့် အကြောင်းပြန်လာခြင်း မရှိသေးဘူးလို့ သိရပါတယ်။

သူ့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူး သူအောင်ဇော်က တရားလိုပြုလုပ် တရားစွဲဆိုထားတာ ဖြစ်ပါတယ်။

သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်အား ဒီဇင်ဘာ ၅ရက်နေ့က ဘန်ကောက်မြို့ကို ဆေးကုဖို့ သွားရောက်စဉ် မန္တလေးလေဆိပ်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ပြန်လွတ်ပေးခဲ့ပြီးနောက် မြစ်ကြီးနားလေဆိပ်မှာ ညနေပိုင်း ပြန်လည်ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

1 month Ago
Up