close

KIA တိုက်ခိုက်

close

October 27, 2021

မူဆယ်မော်တောင်းရွာအနီး၌ စစ်ကောင်စီတပ်ယာဉ်တန်းကို KIA က တိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ်၊ မော်တောင်းကျေးရွာအနီး၊ ပြည်ထောင်စု လမ်းမကြီးအတိုင်း စစ်ကြောင်းချီလာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ယာဉ်တန်းကို အောက်တိုဘာ ၂၆ ရက်နေ့ ညနေ ၄ နာရီကျော်အချိန်က ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်မဟာ (၆)တပ်ဖွဲ့က စောင့်ကြိုပစ်ခတ်ခဲ့တာကြောင့် ၁ နာရီနီးပါး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

KIA ရဲ့ စောင့်ကြိုပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်ဘက်က အထိခိုက် အကျဆုံးရှိနိုင်တယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ မူဆယ်ခရိုင်၊ ကြူကုတ် (ပန်ဆိုင်း)နဲ့ မုံးကိုးဖောင်းဆိုင်ဒေသ ဘက်ကို အင်အားအလုံးအရင်း ဖြည့်တင်းနေပြီး ဒေသခံ MNDAA ကိုးကန့်တပ်တွေကို လက်နက်ကြီးပစ်ကူယူကာ ထိုးစစ်ဆင်နေတာကြောင့် ဩဂုတ်လကစပြီး တိုက်ပွဲပြင်းထန်နေ ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က တပ်ရင်းမှူး၊ ဒုတပ် ရင်းမှူးအပါအဝင် အရာရှိစစ်သည် တွေ အထိအခိုက်ေကျဆုံးများနေပြီး အလောင်းနဲ့ လက်နက်ခဲယမ်းအများအပြားကို MNDAA တပ်က စဉ်ဆက်မပြတ် သိမ်းဆည်းရမိနေတယ်လို့ ကိုးကန့်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

3 mins Ago

July 29, 2021

မြန်မာ-တရုတ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ စစ်ကောင်စီကင်းစခန်း ၂ ခုကို KIA တိုက်ခိုက်

မြန်မာ-တရုတ်အဓိကကုန်သွယ်ရေးလမ်းကြောင်း ကွတ်ခိုင်မြို့နဲ့ မူဆယ်မြို့ကြားက စစ်ကောင်စီရဲ့ နမ့်ခိုင်တံတားစခန်းနဲ့ နမ့်ပေါ်တံတားစခန်းတို့ကို နယ်မြေခံ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့တွေက ဇူလိုင် ၂၉ ရက်နေ့ နေ့လယ်ပိုင်းမှာ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီတံတားကင်းစခန်း ၂ ခုမှာ စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့နဲ့ ပြည်သူစစ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ခရီးသွားပြည်သူအိမ်းစီးကားတွေ ခရီးသည်တင်ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေဆီကနေ့ တရားမဝင်ငွေကြေးတောင်းခံတာတွေ ပြုလုပ်လေ့ရှိပါတယ်။

အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ၂ နာရီဝန်းကျင်လောက်ကြာမြင့်ခဲ့ပြီး နှစ်ဖက် ထိခိုက်ဒဏ်ရာရ သေဆုံးတဲ့ သတင်းတော့ မသိရသေးပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းမှာ တစ်ကျော့ပြန်တိုက်ပွဲတွေဖြစ်တဲ့ ၁၀ နှစ်ကျော်ကာလအတွင်း နမ့်ခိုင်နဲ့ နမ့်ပေါ်တံတားကင်းစခန်းတွေကို ဒေသတွင်း တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေက မကြာခဏ ပစ်ခတ်တိုက်ခိုက်လေ့ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ရဲ့ လက်အောက်ခံတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့ပါတယ်။

အခုလက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းက ကွတ်ခိုင်မြို့နယ်နဲ့ မုံးကိုးမြို့နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ KIA (ကချင်)၊  MNDAA (ကိုးကန့်) တပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဓါတ်ပုံ- ခွန်ဇော်ဦး

3 months Ago
Up