ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာမှာ PDF အဖွဲ့လို့ ပြောဆိုကာ ဓားပြတိုက် လုယက်နေသူတွေကို ဆိပ်မူကျေးရွာရှိ KTV မှာ KIA နဲ့ KPDF ပူးပေါင်းအဖွဲ့က စက်တင်ဘာ ၂၉ ရက် ညနေပိုင်းမှာ ဖမ်းဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နီးစပ်သူ တဦးက “ဖမ်းမိတာ ၆ ယောက်။ သူတို့ကို စစ်ဆေးပြီး အရေးယူမယ်။ လက်နက်နဲ့ ကျည်ဆန် တချို့လည်း သိမ်းဆည်းရမိတယ် "လို့ ပြောပါတယ်။
ကချင်ပြည်နယ်အတွင်း PDF အဖွဲ့အမည်အလွဲသုံးစာပြုကာ မတရားငွေတောင်းတာ၊ ဓားပြတိုက်တာ၊ လုယက်တာနဲ့ လူသတ်တာတွေ မကြာခဏ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စက်တင်ဘာ ၂၀ ရက် မနက်ပိုင်းကလည်း ငှက်ပျောတောရပ်ကွက်မှာ ငွေလွှဲဆိုင်က ငွေထုတ်ပြီး ပြန်လာသူကို ကားပေါ် ငွေထုတ် တင်နေချိန် ဓားထောက်ကာ လုယက်မှု ဖြစ်ပွားခဲ့ပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ မြစ်ကြီးနား-ဖားကန့်လမ်းပေါ် အချက်အချာကျတဲ့ ကာမိုင်းဂိတ်အနီးမှာ စစ်ကောင်စီတပ်တွေကို KIA နဲ့ PDF ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂၄ ရက် မနက် ၆ နာရီကျော်လောက်က သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ကားမိုင်ဂိတ်မှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ကာမိုင်းဗျူဟာကုန်းကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်တွေကို KIA နဲ့ PDF ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုများနိုင်တယ်လို့ ဒေသခံက ပါတယ်။
“တိုက်ပွဲကတော့ မိနစ် ၅၀ လောက်ကြာတယ်။ KIA တပ်မဟာ ၉ တပ်ရင်း ၄၄ နဲ့ PDF ပူးပေါင်းတိုက်တာလို့ သိရတယ်။ နေ့လယ် ၁၂ နာရီအထိတော့ ကာမိုင်းဂိတ်ပိတ်ထားလို့ ခရီးသွားတွေက လမ်းမှာ ပိတ်မိနေတာပေါ့”
တိုက်ပွဲကြောင့် ဂိတ်အနီးမှာ နေထိုင်တဲ့ မောင်ဦးဆိုသူ သေဆုံးခဲ့ပြီး သူရဲ့သား ၂ ယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
“သူက စစ်ကောင်စီ သတင်းပေးလို့လည်း ပြောကြတယ်။ သူ့သား ၂ ယောက်က တစ်ယောက် လက်မောင်း ကျည်ထိတယ်။ တစ်ယောက်က ဒူးခေါင်းထိထားတယ်”
ပစ်ခတ်တိုက်ခိုက်မှုပြီးတဲ့နောက်မှာ ဂိတ်စောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ကို KIA က ဖမ်းဆီးသွားပြီး လက်နက်တချို့လည်း သိမ်းဆည်း ရမိခဲ့ပါတယ်။
ကာမိုင်းဂိတ်ဟာ စစ်ကောင်စီတပ်သားတွေ ထိန်းချုပ်ထားပြီး အစစ်အဆေးကြမ်းတဲ့ ဂိတ်ဖြစ်တယ်လို့လည်း သိရပါတယ်။