close

KIA ၊PDF

close

March 3, 2022

စစ်ယာဉ်တန်းကို KIA ၊PDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်

ကချင်ပြည်နယ်ဘက် စစ်အင်အား၊ လက်နက်အင်အားတိုးချဲ့ဖို့ လာရောက်တဲ့ စစ်ကောင်စီတပ်ရဲ့ ယာဉ်တန်းကို KIA နဲ့ PDF ပူးပေါင်းတပ်က မော်လူး၊ မော်ဟန်အနီး မတ်လ ၃ ရက် ဒီ မနက် ၉ နာရီလောက်မှာ  စောင့်ကြို ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

စစ်ယာဉ်တန်းက စစ်ကားအစီး ၃၀ ကျော်နဲ့ အောက်မြန်မာပြည်ကနေ ကချင်ပြည်နယ်ဘက် စစ်အင်အားတိုးချဲ့ဖို့ ရောက်ရှိလာတာကြောင့် မော်လူး၊ မော်ဟန် အောက်ထီးချိုင့်မြို့အတွင်း ရောက်ရှိတုန်း KIA ၊ PDF ပူးပေါင်းတပ်က မိုင်းဆွဲပြီး ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ကေအိုင်အေ ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်မှ ထိခိုက် သေဆုံးမှုတွေရှိနိုင်ပေမဲ့ စာရင်းအတိအကျကိုတော့  စုံစမ်းဆဲဖြစ်တယ်လို့ ပြောပါတယ်။

အဆိုပါလမ်းကြောင်း တစ်လျှောက် စစ်ကောင်စီတပ်ရဲ့ စစ်လက်နက် ရိက္ခာတွေကို သယ်ယူလေ့ရှိတာကြောင့်  မကြာခဏထိတွေ့တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကလည်း  စစ်ကာ ၅၇ စီးပါ စစ်ယာဉ်တန်းကို  စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ် ဆက်စပ်နေရာတွေမှာ ကေအိုင်အေပူးပေါင်းတပ်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။

11 mins Ago
Up