close

King Bar စားသောက်ဆိုင်မန်နေဂျာ

close

June 8, 2021

မူဆယ်မြို့ King Bar စားသောက်ဆိုင်မန်နေဂျာ ဖမ်းဆီးခံရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ အကောက်ခွန်ရုံးအနီးရှိ  King Bar  စားသောက်ဆိုင်ရဲ့ မန်နေဂျာ စိုင်းသန်းထိုက်ဦးကို ဇွန် ၈  ရက် မနက် ၉ နာရီခွဲလောက်က အရပ်ဝတ်နဲ့ရဲတွေ  လာရောက်ဖမ်းဆီးသွား​တယ်လို့ သူနဲ့ နီးစပ်တဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မေးစရာရှိတယ်ပြောပြီး ရဲ ၂ ယောက် လာခေါ်သွားတာ။ သူ့ဆိုင်မှာပဲ။ သူအလုပ်လုပ်တဲ့ဆိုင်” လို့ မြို့ခံတစ်ဦးက  ပြောပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်တဲ့ မိတ်ဆွေတွေက ရဲစခန်းကို လိုက်သွားပေမယ့် တွေ့ခွင့် မရတဲ့အပြင် မိသားစုနဲ့လည်း အဆက်အသွယ် ပြတ်နေတယ်လို့ ဆိုပါတယ်။  ဆိုင်မန်နေဂျာ စိုင်းသန်းထိုက်ဦးကို  ဘာကြောင့် ဖမ်းဆီးသွားတယ်ဆိုတာလည်း မသိရသေးပါဘူး။ 

စစ်အာဏာသိမ်းပြီးနောက် မူဆယ်က ပြည်သူ ၄၇ ဦး ဖမ်းဆီးခံရပြီး ၂၁ ဦး ပြန်လွတ်လာကာ ၅ ဦး ပြင်းထန် ဒဏ်ရာရ ၊  ၂ ဦး ကျဆုံးခဲ့ပါတယ်။ 

Photo : BTNQ

12 hours Ago
Up