close

KNDF B-16

close

May 5, 2022

ဘောလခဲသို့ ရိက္ခာပို့သည့် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရ

ကယားပြည်နယ်၊ ဘောလခဲမြို့နယ်ဘက်ကို ရိက္ခာပို့လာတဲ့ စစ်ကောင်စီတပ်ယာဥ်တန်းကို မေ ၄ ရက်က  နန်းဖဲကျေးရွာအနီးမှာ ကရင်နီတပ်မတော် (KA)နဲ့ KNDF B-16 တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ ယာဥ်နှစ်စီးပျက်စီးပြီး  လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ Karenni's Voice က ထုတ်ပြန်ပါတယ်။ 

အဆိုပါတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က အထိအခိုက်အကျအဆုံးကို အတိအကျမသိရသေးပါဘူး။

ကယားပြည်နယ်အတွင်းရှိ ပြည်သူလူထုနဲ့ စစ်ဘေးရှောင်တွေအနေနဲ့  ဘောလခဲမြို့နယ်(နန်းဖဲ-ဘောလခဲ)လမ်းမကြီးကို လုံးဝ ဖြတ်သန်းသွားလာတာမလုပ်ဖို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က အသိပေး ထုတ်ပြန်ထားပါတယ်။ 

55 seconds Ago
Up