close

KNLA နှင့် စစ်ကောင်စီတပ်

close

March 14, 2022

အာရှလမ်းမကြီးတွင် KNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်

ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်မှာ  မတ်လ ၁၄ ရက် မွန်းလွဲ ၁ နာရီလောက်က KNLA ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဆက်ဖြစ်နေပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့က  စစ်ကောင်စီတပ်တွေရှိတဲ့ တောတွင်းနေရာတွေကို လက်နက်ကြီးနဲ့ ၁၀ လုံးကျော်ပစ်ခတ်တိုက်ခိုက်ရာ ၇ လုံးက စစ်ကောင်စီယာယီခြေကုတ်ယူထားတဲ့ နေရာကို ထိမှန်ပျက်ဆီးခဲ့တယ်လို့ တိုက်ပွဲမှာပါဝင်တဲ့  KNLA တပ်ဖွဲ့ဝင် တဦးကပြောပါတယ်။ 

တိုက်ပွဲမှာ နှစ်ဖက်တပ်သာတွေ ထိခိုက်ဒဏ်ရာရရှိမှုအခြေအအနေကိုတော့  အတည်မပြုနိုင်သေးပါဘူး။

ကော့ကရိတ်မြို့အနောက်ဘက် ၂ မိုင်လောက်မှာရှိတဲ့  စစ်ကောင်စီစုပေါင်းငွေကောက်ခံဂိတ်မှာလည်း ဒီကနေ့  အမည်မသိ လက်နက်ကိုင် ၂ ဦးက ဆိုင်ကယ်စီးလာပြီး ပစ်ခတ်ခဲ့လို့   BGF နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးသွားပါတယ်။

42 seconds Ago
Up