close

KNLA နှင့် PDF

close

April 5, 2022

ကျိုက်ထိုမြို့နယ်ရှိ KNLA နှင့် PDF နေရာများကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ကင်းထောက်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ KNLA နဲ့ PDF ခိုအောင်းရာနေရာတွေကို   စစ်ကောင်စီတပ်က အခုရက်ပိုင်းအတွင်း ရဟတ်ယာဉ်နဲ့ ကင်းထောက်တာတွေ  အဆက်မပြတ် လုပ်ဆောင်လာ တယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု(KRF)က  ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ်အတွင်းရှိ  ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းအဖွဲ့တို့ရဲ့  ကြားဖြတ်တိုက်ခိုက်မှုတွေကြောင့် အထိနာနေတဲ့အတွက် ဧပြီ ၂ ရက်ကစပြီး လေယာဉ်နဲ့ ကင်းထောက်တာတွေ လုပ်ဆောင်လာတာဖြစ်ပါတယ်။

ဧပြီ ၄ ရက်နဲ့ ၅ ရက်တွေမှာတော့ စစ်ကောင်စီကင်းထောက်ရဟတ်ယာဉ်ဟာ တစ်ရက်ကို အနည်းဆုံး နှစ်ကြိမ်ထက်မနည်း လာရောက်ကင်းထောက်နေသလို အဲလို ကင်းထောက်ရာမှာ လည်း ခပ်နိမ့်နိမ့်ပျံဝဲပြီး မှတ်တမ်းဓာတ်ပုံတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်က  အဆက်မပြတ် ကင်းထောက်နေတဲ့အတွက်ကြောင့် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ကျိုက်ထိုမြို့နယ်မှာ မတ် ၃၁ ရက်က မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီဂိတ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၆ ဦးထက်မနည်း သေဆုံးခဲ့တာပါ။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင်ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေ မကြာခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားနေလို့ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

6 hours Ago
Up