close

KNLA သိမ်းပိုက်

close

April 12, 2022

သင်္ဃန်းညီနောင်အနီး စစ်ကောင်စီကင်းစခန်းကို KNLA သိမ်းပိုက်၊ကော့ကရိတ်တွင် ရဲ ၂ ဦး ပစ်သတ်ခံရ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့အနီး စစ်ကောင်စီတပ် ၃၅၅ စခန်းရဲ့ အရှေ့ထွက်ကင်းစခန်းတခုကို  ဧပြီ ၁၂ ရက် ဒီနေ့ မနက် ၅ နာရီလောက်မှာ ဝင်ရောက် စီးနင်း သိမ်းပိုက်လိုက်တယ်လို့ KNLA တပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီတပ်စခန်းဖြစ်တဲ့ ၃၅၅ စခန်းကို လုံခြုံရေးယူထားတဲ့ ရှေ့ထွက်ယာယီစခန်းမှာ စစ်ကောင်စီတပ်အင်အား ၂၀ လောက်လုံခြုံရေးယူထားစဉ် KNLA စစ်ကြောင်းမှ ဗိုလ်စောကော်ကေထူး ဦးဆောင်တဲ့ တပ်ဖွဲ့က ဝင်ရောက်သိမ်းပိုက်လိုက်တာပါ။

တိုက်ပွဲမှာ လက်နက်ကြီး လက်နက်ကြီးတွေ စတင်ပစ်ခတ်ပြီး မိနစ်ပိုင်းအတွင်း ဝင်ရောက် KNLA က အလွယ်တကူသိမ်းပိုက်နိုင်ခဲ့ပြီး  စစ်ကောင်စီတပ်ထံက  ၆၀ မမ တလက်၊  ၆၀ မမကျည် (၁၂)လုံး၊ MA1 တလက်နဲ့  MA1 ကျည်ဘောက် ၄ ခု၊ ကျည်ဆန် ၁၀၀ ၊ 9MM တလက်၊ စကားပြောစက်တလုံးနဲ့ တခြားဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။ 

တိုက်ပွဲမှာ  စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိမရှိ မသိရေသေးပါဘူး။  KNLA စစ်ကြောင်းတပ်ဖွဲ့ကတော့  ထိခိုက်မှုမရှိဘဲ စခန်းကနေ ပြန်ထွက်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဧပြီ ၁၂ ရက် ဒီနေ့မနက် ၁၁ နာရီ မိနစ် ၄၀ လောက်ကလည်း ကော့ကရိတ်မြို့ အမှတ် ၇ ရပ်ကွက် ဝါဆိုဦးဘုန်းတော်ကြီးကျောင်းလမ်းထောင့်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို ဆိုင်ကယ်နဲ့ သွားရောက် သေနတ်နဲ့ ပစ်သတ်လိုက်တယ်လို့ KNLA တာဝန်ရှိသူက ပြောပါတယ်။

မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်၊ ကေ့ကော်မြို့သစ်မှာလည်း  အခုရက်တွေအတွင်း စစ်ကောင်စီတပ်တွေနဲ့  KNLA ပူးပေါင်းအဖွဲ့တွေအကြား  တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားနေပါတယ်။ 

6 mins Ago

August 26, 2021

ကြာအင်းဆိပ်ကြီးမြို့နယ်က စစ်ကောင်စီတပ်စခန်းတခုကို KNLA သိမ်းပိုက်

စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်က  တပ်စခန်းတခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၇) တပ်ခွဲ (၁)က တက်ရောက် သိမ်းဆည်းခဲ့ကြောင်း ကေအန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဒီကနေ့ ဩဂုတ် ၂၆ ရက် ၁၀ နာရီလောက်‌က ကြာအင်းဆိပ်ကြီးမြို့နယ် ခုတ်ခွားတောင်စခန်းမှာ အခြေချတဲ့တပ်စခန်းကို တက်ရောက်သိမ်းယူခဲ့တာလို့ ရွာခံတွေက သတင်းပိုလာပေမယ့် အောက်ခြေ ကေအန်ယူ တပ်သားတွေနဲ့ ဆက်သွယ်မှုမရရှိသေးကြောင်း ကေအန်ယူ ဒူးပလာယာခရိုင် အတွင်းရေးမှူး ပဒိုစောလစ်စတန်က ဒီဗွီဘီကို ပြောပါတယ်။

“အဲဒါက ကျနော်တို့ အောက်ခြေက တပ်မှူးတွေကတော့ အတည်ပြုချက်မပေးသေးဘူး။ ဒါပေမယ့် ရှုပ်ထွေးနေတယ်၊ အခုက။ အဲဒီမှာ ဒေသခံရွာသားတွေကပဲ သတင်းပေးတယ်။ မနက် ၁၀ နာရီလောက်က ကျနော်တို့ တပ်ရင်း ၁၇ တပ်ခွဲ ၁ ကနေပြီးတော့ သွားသိမ်းတယ်။ သိမ်းတယ်ဆိုတာက ဒီလိုပါပဲ အေးဆေးပဲသွားသိမ်းလိုက်တော့ BGF က ထုတ်သွားလိုက်တာပဲလေ။ တိုက်ပွဲက ဘာမှ မဖြစ်ဘူး။ အဲဒီစခန်းက ကေအန်ယူအခေါ်ဆိုရင်တော့ နို့တကောမြို့နယ် ခုတ်ခွားတောင်စခန်းပေါ့။ ”

အဆိုပါဒေသဟာ ကေအန်ယူနဲ့ BGF ကရင်တပ်တွေကြား ရင်းနှီးမှုတွေရှိနေပြီး စခန်းကို ဆုတ်ပေးလိုက်တဲ့သဘောလို့ ယူဆကြောင်းလည်း ပြောပါတယ်။

“ဒီလိုပဲ မျက်နှာတွေ နာကြတာပေါ့ဗျာ။ တွေ့နေကြ၊ ရင်းနှီးနေကျ လူတွေပဲဆိုတော့ ဆုတ်သွားတာပေါ့။ ဒါပေမယ့် ကျနော်တို့တပ်မှူးတွေက အသာလေးပဲ ငြိမ်နေကြတာလားတော့ မသိဘူး။ ဒီမှာခေါ်လို့တောင်မရဘူး။”

အဆိုပါ ခုတ်ခွား (ခေါ်) ကာလိခီးစခန်းဟာ  ပြီးခဲ့တဲ့တပတ်က အကြမ်းဖက်စစ်တပ် ထိုင်နေတဲ့စခန်းဖြစ်ပြီး စခန်းကနေ ဆုတ်ခွာသွားချိန်မှာ BGF တပ်ဖွဲ့ကို စခန်းနဲ့ ထားခဲ့တာဖြစ်ကြောင်း သိရပါတယ်။

ဒူးပလာယာခရိုင်အနေနဲ့ အတတ်နိုင်ဆုံး တိုက်ပွဲတွေ မဖြစ်အောင် ထိန်းသိမ်းနေပေမယ့် အခု တိုက်ပဲဖြစ်လာရင် ကိုယ့်ကြောင့်ဖြစ်တာ မဟုတ်ကြောင်းလည်း ပဒိုစောလစ်စတန်က ပြောပါတယ်။

         “ကျနော်တို့ကတော့ တိုက်ပွဲကို မဖြစ်စေချင်ဘူး။ ဖြစ်လာရင် ကိုယ့်ကြောင့်မဟုတ်ဘူး။ ကျနော်တို့က တိုက်ပွဲ ဖိတ်ခေါ်တာမရှိဘူး။ သူ့နေရာမသွားဘူးလေ။” 

ဓာတ်ပုံ - ကေအိုင်စီ

8 months Ago
Up