close

KRF

close

June 30, 2022

ဘီးလင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရဟု ကျိုက်ထို KRF ထုတ်ပြန်

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်းက ၃ ရက်တာ စစ်ဆင်ရေးမှာ စစ်ကောင်စီဘက်က ၅ ဦးသေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ထုတ်ပြန်ပါတယ်။

အဲဒီ ၃ ရက်တာ စစ်ဆေရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF၊ ကျိုက်ထိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) ပူးပေါင်းအဖွဲ့က ပြောက်ကျား စစ်ဆင်ရေး ဆောင်ရွက်ခဲ့တာပါ။

ဇွန် ၂၂ ရက်နေ့က ဘီးလင်းမြို့နယ် နတ်ကြီးအနီး၊ ဇီးကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကုန်းနဲ့ ဇွန် ၂၃ ရက်နေ့မှာ ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီနတ်ကြီးဂိတ်စခန်းနဲ့ ဇွန် ၂၄ ရက်နေ့မှာတော့ ဘီးလင်းမြို့နယ် ထီးဝါခလုရွာအနီး စစ်ကောင်စီတပ် ခိုအောင်းနေတဲ့ နေအိမ်တွေကို သွားရောက် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအအတွင်း စစ်ကောင်စီတပ်ဘက်က အနည်းဆုံး ၅ ဦးထက်မနည်း သေဆုံးပြီး ၆ ဦးနဲ့အထက် ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF ထုတ်ပြန်တာပါ။

အခုအခါ စစ်ကောင်စီတပ်ဟာ ကျိုက်ထိုမြို့နယ်အတွင်း တပ်အင်အား ၁၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် နှစ်ဖက် စစ်ရေး တင်းမားနေတယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ခံက DVB ကို ပြောပါတယ်။

ဒါကြောင့် နှစ်ဖက်တိုက်ပွဲ အချိန်မရွေး ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ အထူးသတိထား သွားလာနေထိုင်ကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေ လိုက်ပေးဖို့ တိုက်တွန်းတာပါ။

ကျိုက်ထိုမြို့နယ်ထဲမှာတော့ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ကြား ထိတွေ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးအခြေအနေနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။

13 hours Ago

June 13, 2022

မုပ္ပလင် စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာက စစ်ကောင်စီစစ်ဆေး‌ရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားတယ်လို့ ကျိုက်ထို တော်လှန်ရေးအင်အားစု KRF က ပြောပါတယ်။

အဲဒီစစ်ဆေးရေးဂိတ်ကို ဇွန် ၁၂ ရက်နေ့ ညနေ ၄ နာရီလောက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းအဖွဲ့က ၄၀-မမနဲ့ သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ဆေးရေးဂိတ်  တိုက်ခိုက်ခံရတာကြောင့် ဂိတ်မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF တာဝန်ခံ DVB ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တာကြောင့် ပစ်တိုင်းထောင် ထမင်းဆိုင်အနီးမှာ ရှိနေတဲ့ ကားသမားတစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပြီးနောက် ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားပါတယ်။

မုပ္ပလင် စစ်ဆေးရေးဂိတ်ဟာ စစ်တပ် အာဏာသိမ်းကာလအတွင်း အနည်းဆုံး ၄ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတာဖြစ်ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အထိနာနေတာပါ။  

စစ်ကောင်စီစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် အင်အား ၇၀ လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ဇွန် ၁၃ ရက်နေ့ မနက်ပိုင်းကစပြီး ကျိုက်ထိုမြို့နယ်ထဲကို ထိုးစစ်ဆင်လာတာ ဖြစ်ပါတယ်။

3 weeks Ago
Up