KTV ကာရာအိုကေလုပ်ငန်းလိုင်စင် သက်တမ်းတိုးကြဖို့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီခန့် ခရိုင်စီမံအုပ်ချုပ်ရေးဌာန ဥက္ကဋ္ဌ ဦးခင်မောင်လွင်က ဗန်းမော်ခရိုင်အတွင်းမှာရှိတဲ့ KTV လုပ်ငန်းရှင်တွေနဲ့ ဗန်းမော်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမမှာ ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ဆုံမှာကြားခဲ့တယ်လို့ သိရပါတယ်။
ဗန်းမော်ခရိုင်မှာရှိတဲ့ KTV လုပ်ငန်းရှင်တွေအနေနဲ့ လုပ်ငန်းလိုင်စင်တွေ မရသေးဘူးဆိုရင် လုပ်ငန်းလိုင်စင် လျှောက်ထားကြဖို့နဲ့ လုပ်ငန်းလိုင်စင် ရရှိထားသူတွေလည်း သက်တမ်းကုန်ဆုံးနေပါက သက်တမ်းတိုးပြီး လျှောက်ထားကြဖို့၊ KTV လုပ်ငန်းရှင်တွေအနေနဲ့ ဥပဒေနဲ့အညီ လုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်ကြဖို့နဲ့ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေ အလေးထားလိုက်နာကြဖို့ အဲ့ဒီတွေ့ဆုံပွဲမှာ ဦးခင်မောင်လွင်က ညွှန်ကြားထားတယ်လို့ Non CDM ဝန်ထမ်းတဦးက ပြောပါတယ်။
ဗန်းမော်မြို့မှ KTV လုပ်ငန်းရှင်တဦးက “မီးသတ်ဦးစီးမှူး ဦးစိုးခိုင်က KTV မှာ မီးဘေးလုံခြုံဖို့ ဘယ်လိုကာကွယ်ရမလဲဆိုပြီး အကြောင်းပြကာ KTV လုပ်ငန်းရှင်တွေကို အစည်းအဝေး ခေါ်တာပါ။ မီးဘေးလုံခြံရေးလက်မှတ် ထုတ်ပေးဖို့ ပြောတာပါပဲ။ တကယ်တမ်းကျတော့ လိုင်စင်မတင်ရသေးတဲ့ KTV ပိုင်ရှင်တွေကို လိုင်စင်တင်ကြဖို့နဲ့ လိုင်စင်သက်တမ်းကုန်ဆုံးရင်လည်း ထပ်ပြီး သက်တမ်းတိုးကြဖို့ တိုက်တွန်းချင်တဲ့ သဘောပါပဲ။ ရှင်းရှင်းပြောရရင် အခွန်ဆောင်ခိုင်းတဲ့ သဘောပေါ့” လို့ ဒီဗွီဘီကို ပြောပါတယ်။
“ဗန်းမော်မြို့မှာ ကချင်-တရုတ် ဖက်စပ်တွေများတော့ အပျော်အပါး မက်မောကြတယ်။ KTV ရုံတွေမှာ ညဘက်ဆို စည်ကားနေတာပဲ။ အပျော်အပါး လောင်းကစားဝိုင်းတွေမှာ တရုတ်ဖက်စပ်တွေ ပိုတွေ့ရတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မြန်မာနိုင်ငံတဝန်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် KTV တွေ လောင်းကစားဝိုင်းတွေနဲ့ ဒုစရိုက်မှုမျိုးစုံကို စစ်ကောင်စီတပ်တွေထံ ဆက်ကြေးပေးပြီး ပိုမိုလုပ်ကိုင်လာနေကြတာ ဖြစ်ပါတယ်။
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာရဲစခန်းက စခန်းမှူးနဲ့ ရဲတပ်သားတို့ အောက်တိုဘာ ၂၉ ရက် ညနေ ၄ နာရီက ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။
ငါန်းမြာရဲကင်းစခန်းက စခန်းမှူး ဒုရဲအုပ် ဇေယျာဝင်းမြင့်နဲ့ ရဲတပ်သား သူအောင်တို့ဟာ မြို့သာစက်မှုဥယျာဉ်မြို့တော်စီမံကိန်းအနီး နဝရတ်ကျေးရွာထိပ်ရှိ KTV မှာ ပျော်ပါးသောက်စားနေချိန် အမည်မသိအမျိုးသား ၄ ယောက်က သေနတ်၊ ဗုံးတို့နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
“မနေ့က ဖြစ်တာ ဟုတ်တယ်။ သူတို့က KTV မှာ အခန်းဝင်နေချိန် ဖြစ်သွားတာ။ သူတို့ကလည်း ဒီလို ခေတ်မကောင်းပါဘူးဆို KTV သွားနေတာ။” လို့ ရဲတပ်ဖွဲ့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တဦး က ဆိုပါတယ်။
ဒီလို ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် ရဲတပ်သား သူအောင်ဟာ ရင်ဘက် ကျည်ဝင်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး စခန်းမှူး ဒုရဲအုပ် ဇေယျာဝင်းမြင့် ကတော့ ခြေထောက်နှစ်ဖက် မိုင်းစထိမှန် ဒဏ်ရာ ရရှိသွားပါတယ်။