ဂျပန်ဝန်ကြီးချုပ်၊ ဖူမိအိုခိရှိဒါရဲ့ လက်ရှိအာဏာရ LDP ပါတီက အောက်လွှတ်တော် ရွေးကောက်ပွဲ မှာ နေရာအများစု အနိုင်ရသွားပါတယ်။
LDP ပါတီဟာ ရွေးကောက်ပွဲအတွင်း အမတ် နေရာ ၂၆၁ နေရာကို အနိုင်ရခဲ့ပေမဲ့ ရွေးကောက်ပွဲ မကျင်းပမီက အောက်လွှတ်တော်အတွင်း အမတ်နေရာ ၂၇၆ နေရာကို ရထားတာဖြစ်လို့ ပါတီဟာ အားနည်းသွားတယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။
ရွေးကောက်ပွဲမှာ LDP ပါတီဟာ အခုလို အနိုင်ရခဲ့တဲ့ရလဒ်ကို မအံ့ဩဘူးလို့ မြို့တော် တိုကျိုမြို့ခံတွေက ပြောပါတယ်။
ဒီမဲရလဒ်ဟာ အာဏာရတာတလပဲ ရှိသေးတဲ့ ဝန်ကြီးချုပ်အတွက် မူဝါဒ အောင်ပွဲလည်း ဖြစ်ပြီး လာမယ့်နှစ်မှာ ကျင်းပမယ့် အထက်လွှတ်တော် ရွေးကောက်ပွဲမတိုင်ခင် ရာထူးဆက်မြဲစေလိမ့်မယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။