close

Mask ကမ်ပိန်း

close

July 12, 2021

ကန်ကြီးထောင့်တွင် Mask မတပ်သူများ ဒဏ်ကြေး ၅၀၀၀ ပေးရမည်

ကန်ကြီးထောင့်မြို့မှာ ဇူလိုင် ၁၆ ရက်နေ့က စတင်ပြီး Mask မတပ်သူတွေ ပထမအကြိမ် ဒဏ်ကြေး ၅၀၀၀ ပေးဆောင်ရမှာဖြစ်ပြီး ဒုတိအကြိမ် မလိုက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူမယ်လို့ အာဏာသိမ်းစစ်ကောင်စီရဲ့ မြို့နယ်ကိုဗစ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

ကန်ကြီးထောင့်မြို့ ပြည်သူတွေအနေနဲ့ နေအိမ်မှာသာ နေထိုင်ဖို့နဲ့ မဖြစ်မနေသွားလာရပါက Mask၊ Face shield နဲ့ လက်အိတ်တွေ ဝတ်ဆင်သွားဖို့ အသိပေးထားပါတယ်။

အိမ်အပြင်ထွက်ပါက mask တပ်သွားဖို့၊ Mask မတပ်ဘဲသွားလာသူတွေ ပထမအကြိမ် ဒဏ်ကြေး ၅၀၀၀ ပေးပြီး mask ၂ ခု ပြန်ပေးမှာဖြစ်ကာ ဒုတိယအကြိမ်တွေ့ရှိပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေအရ အရေးယူမယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ လူစုလူဝေး မပြုလုပ်ဖို့၊ ကန့်သတ်ချက်တွေ လိုက်နာဆောင်ရွက်ကြဖို့ တိုက်တွန်းထားပါတယ်။

ကန်ကြီးထောင့်မြို့နယ်မှာ ကိုဗစ်အတည်ပြုလူနာ ၂၅၀ ကျော်နဲ့ သေဆုံးသူ ၄ ဦး ရှိပြီး အတည်ပြုလူနာတွေကို မြို့နယ်ဆေးရုံ၊ ဆေးရုံဟောင်း၊ သဘာဝဘေ ကြုံပါက ထားရှိဖို့ ဆောက်ထားတဲ့နေရာတွေမှာ ကုသပေးနေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း​ဒေသကြီးအတွင်း ပုသိမ်၊ ​မြောင်းမြနဲ့ သာ​ပေါင်းမြို့နယ်တွေကို Stay at home အဖြစ် သတ်မှတ်ထား​တယ်လို့ သိရပါတယ်။

8 mins Ago

April 23, 2021

ပုသိမ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး Mask ကမ်ပိန်းပြုလုပ်

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ဧပြီ ၂၃ ရက် မနက်ပိုင်းက လူငယ်တွေစုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံစာရွက်တွေကို Mask မှာ ကပ်ပြီး လိုက်ဝေခဲ့ကြတယ်လို့ သိရပါတယ်။

ပုသိမ်မြို့မှာ ဒီနေ့မနက် မြို့ခံလူငယ်တွေက Mask အထုပ်ငယ်လေးတွေပေါ် အကြမ်းဖက်စစ်ကောင်စီကို ဆန့်ကျင်ကြောင်း စာများရေးသားကာ လူစည်ကားရာ ဈေးတွေမှာ လိုက်လံဝေငှခဲ့ကြတာပါ။

ဖမ်းဆီးခံထားရတဲ့သူတွေအမြန်ဆုံးပြန်လွှတ်ပေးရေး၊ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင်ကျဆုံးရေး စတဲ့ကြွေးကြော်သံပါစာရွက်တွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုထောက်ခံကြိုဆိုတဲ့ စာရွက်ကပ်ထားတဲ့ Mask တွေကို ဝေခဲ့ကြတာလို့ ပါဝင်သူ ၁ ဦးက ပြောပါတယ်။

ပုသိမ်မြို့မှာ ကိုဗစ်ရောဂါကူးစက်ခံရသူတချို့ ထပ်မံတွေ့ရှိရပြီးနောက်မှာ အာဏာရှင်ကိုတော်လှန်နေချိန်မှာ ပြည်သူတွေ ကျန်းမာဖို့လိုပြီး Mask တပ်ဖို့ မမေ့ရအောင် လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့မှာတော့ အကြမ်းဖက်ဖြိုခွင်းခံရတာတွေနဲ့ ရပ်ကွက်တွေထဲ စစ်တပ်က လာရောက်တပ်စွဲထားလို့ လူငယ်တွေက စစ်အာဏာရှင် ဆန့်ကျင်ရေး ပြောက်ကျားသပိတ်ပြုလုပ်ကာ ဆန္ဒပြနေကြရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပြီး ပုသိမ်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရတဲ့သူ ၃၀ ကျော်ပြီလို့ ဒေသခံတွေက ပြောပါတယ်။

3 months Ago
Up