ကရင်ပြည်နယ် မြဝတီမြို့တွင်းမှာ ကိုဗစ်-၁၉ မျိုးကွဲ အိုမီခရွန် ကူးစက်မှုနှုန်း ၃၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ မြှင့်တက်လာတာကြောင့် ဖေဖော်ဝါရီ ၂၇ ရက်နေ့မနက်ကစပြီး မြို့တွင်း ခရီးသွားတွေ Mask မတတ်ပါက ငွေ ၅၀၀ ကျပ် ဒဏ်ရိုက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြို့တွင်း မြို့ပြင် မိုဘိုင်းဂိတ် ၅ နေရာမှာ စစ်ကောင်စီလက်အောက်ခံ ကျန်းမာရေး၊ မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ အုပ်ချုပ်ရေးနဲ့ စည်ပင်အဖွဲ့တွေက ပူးပေါင်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
Mask မတတ်ပါက ဒဏ်ငွေ ၅၀၀ ကျပ်ဆောင်ခိုင်းပြီး Mask ခု ပြန်ပေးကာ ကိုဗစ်-၁၉ အသိပညာပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြဝတီမြို့တွင်းမှာ ကိုဗစ်-၁၉ ကူးစက်မှု ကာကွယ်နိုင်ဖို့အတွက် မနက် ၈ နာရီခွဲကနေ ၁၀ နာရီခွဲအထိ ညနေ ၃ နာရီက ၅ နာရီအထိ တစ်ရက်ကို နှစ်ကြိမ် မိုဘိုင်းစစ်ဆေးမှု ပြုလုပ်သွားမယ်လို့ စည်ပင်သာယာရေး တာဝန်ရှိသူတဦးက ပြောပါတယ်။
ပဲခူးတိုင်း ပြည်မြို့ ကိုးသောင်းရပ်ကွက်က ကိုးသောင်းမီးပွိုင့်မှာ နိုဝင်ဘာ ၇ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်သားတွေက Mask မပါသူတွေကို ဒဏ်ငွေ ၆၀၀၀ တောင်းပြီး ဒဏ်ငွေမပေးဆောင်နိုင်ပါက ဖားခုန်ခုန်ခိုင်း နေတယ်လို့သိရပါတယ်။
"နှာခေါင်းစည်းမပါရင် ဒဏ်ငွေ ၆၀၀၀ တောင်းတယ်။ ဒဏ်ငွေကော နှာခေါင်းစည်းကောမပါရင် ဖားခုန်ခုန်ခိုင်းတယ်။ စစ်သားတွေပဲ လက်နက်အပြည့်အစုံနဲ့ ပတ်နေတယ်" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ကိုးသောင်းမီးပွိုင့်မှာ စစ်ကောင်စီတပ်က စစ်သား ၅ ဦးက လက်နက်အပြည့်အစုံနဲ့ပတ်သွားနေပြီး နှာခေါင်းစည်းမပါသူတွေ့ပါက ဒဏ်ငွေတောင်းပြီး ဖားခုန်ခုန်ခိုင်းနေတာလို့ ဆိုပါတယ်။
ကိုးသောင်းမီးပွိုင့် မူယာပင်ပန်းခြံရှေ့မှာ နိုဝင်ဘာ ၆ ရက်နေ့က စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းနဲ့ ကားတွေကအစ အိတ်ကပ်ထဲထိ နှိုက်စစ်ပြီး စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။