close

MATA

close

September 7, 2021

မုံရွာမြို့တွင် MATA အဖွဲ့ဝင် ၁ ဦး အပါအဝင် ၃ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း မုံရွာမြို့ နန္ဒဝန်ရပ်ကွက်ရှိ နေအိမ်တခုကို စက်တင်ဘာ ၆ ရက် ညနေ ၃ နာရီလောက်က စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းခဲ့ပြီး MATA အဖွဲ့ဝင်တစ်ဦး အပါအဝင်  လူ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူတွေဟာ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA) က အဖွဲ့ဝင် ကိုကျော်မင်းထွဋ် နဲ့ ညီအရင်းဖြစ်သူ ကိုကျော်မင်းအောင် အပါအဝင် ၃ ဦး ဖြစ်တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် ကိုကျော်မင်းထွဋ်ရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်စောလှိုင်နဲ့ (၂) နှစ်အရွယ် ကလေးငယ်ကို စက်တင်ဘာလ ၅ ရက်နေ့က ဖမ်ဆီးခဲ့ပြီး ဒီလုပ်ရပ်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ စံနှုန်းတွေနဲ့ များစွာသွေဖည် အကျည်းတန်တဲ့ လုပ်ရပ်အဖြစ်ရှုမြင်တယ်လို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA) က ထုတ်ပြန်ထားပါတယ်။

ကိုကျော်မင်းထွဋ်ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို တစိုက်မတ်မတ်လုပ်ဆောင်နေသူဖြစ်ကာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတောင်းဆိုနေသူ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကိုကျော်မင်းထွဋ် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ နိုင်ငံရေးအကျည်းသားတွေကို ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့နဲ့ အာဏာသိမ်းတဲ့လုပ်ရပ်ကို ရပ်တန့်ဖို့ မြန်မာနိုင်ငံ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူ တာဝန်ခံမှုဆိုင်ရာ မဟာမိတ်အဖွဲ့ (MATA) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပုထားပါတယ်။

2 mins Ago

June 9, 2021

ချောင်းဦးသပိတ်ခေါင်းဆောင်အပါအဝင် ၃ ဦးကို ပြန်လွှတ်ပေးရန် MATAတောင်းဆို

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရှမ်းထူးကျေးရွာမှာ  ဇွန်လ ၈ ရက်နေ့က အကြမ်းဖက်စစ်တပ်ရဲ့ သေနတ်ပစ်ခတ်ဖမ်းဆီးခံခဲ့ရတဲ့ သပိတ်ခေါင်းဆောင် မာန်ဇာမြေမွန် အပါအဝင် ၃ ဦးကို ပြန်လွှတ်ပေးဖို့ MATA အဖွဲ့က တောင်းဆိုလိုက်ပါတယ်။

မာန်ဇာမြေမွန်မှာ  စစ်ကိုင်းတိုင်း MATA အဖွဲ့ရဲ့ သဘာဝသယံဇာတဆိုင် ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးလုပ်ငန်း (EITI)မှာ SNU(Subation Unit Sagaing) အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။

စစ်တပ်အနေနဲ့ ဒီမိုကရေစီရရှိအတွက် အကြမ်းမဖက် ဆန္ဒထုတ်ဖော်သူတွေကို အင်အားသုံးဖမ်းဆီးတာ နေ့စဉ်မြင်တွေ့ရနေတာဟာ ထိတ်လန့်ရွံရှာဖွယ်ဖြစ်ပြီး နိုင်ငံပုံရိပ် များစွာ ထိခိုက်စေသလို နိုင်ငံသားတစ်ဦးအနေနဲ့  မိမိတို့ ဆန္ဒအား လွတ်လပ်စွာ ဖော်ထုတ်ပြီး အပြစ်သားကဲ့သို့ ရက်စက်စွာဖမ်းဆီးတာကို တုန်လှုပ်ဖွယ်အဖြစ်ရှုမြင် အပြင်းအထန် ရှုတ်ချတယ်လို့ ဆိုပါတယ်။

ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် အကြမ်းမဖက်နည်းနဲ့ ဆန္ဒဖော်ထုတ်သူတွေ၊ ကိုမာန်ဇာမြေမွန် အပါအဝင် ဖမ်းဆီးခံ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ရာဇဝတ်သားကဲ့သို့ ပြုမူဆက်ဆံခြင်းမပြုလုပ်ဖို့နဲ့ ခြွင်းချက်မရှိအမြန်ဆုံးပြန်လွှတ်ပေးဖို့လည်း MATA အဖွဲ့က တောင်းဆိုထားပါတယ်။

3 months Ago
Up