close

MDF

close

June 4, 2022

ဦးဂျင်မီနှင့် ဦးဖြိုးဇေယျာသော်အပေါ် သေဒဏ်လက်တွေ့ကျင့်သုံးပါက စစ်ကောင်စီကို လက်တုံ့ပြန်မည်ဟု MDF သတိပေး

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီနဲ့ အန်အယ်လ်ဒီ လွှတ်တော်အမတ်ဟောင်း ‌ဦးဖြိုးဇေယျာသော်တို့အပေါ်  စစ်ကောင်စီရဲ့စစ်ခုံရုံးကချမှတ်ထားတဲ့  သေဒဏ်အမိန့်ကို လက်တွေ့အကောင်ထည်ဖော်မယ်ဆိုရင် လက်တုံ့ပြန်သွားမယ်လို့ စစ်ကိုင်းတိုင်းအခြေစိုက် Myanmar Defense Force (MDF) က ဇွန်လ ၄ ရက်မှာ သတိပေး ထုတ်ပြန်လိုက်ပါတယ်။

သေဒဏ်ချမှတ်ခံရသူ ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ရဲ့ အယူခံကို  ပယ်ချခဲ့ပြီး သေဒဏ်ကို လုပ်ထုံးလုပ်နည်းအတိုင်းဆက်လက်လုပ်ဆောင်ဖို့ အတည်ပြုထားတယ်လို့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားတာပါ။

ဒါနဲ့ပတ်သတ်ပြီး MDF ကာကွယ်ရေးတပ်ဖွဲ့က "ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ကို ကြိုးမိန့်ပေးတာ စစ်ကိုင်းတိုင်းဘက် PDF တိုင်းစေ့ကြားပြီးပြီ။ တကယ် Action ပါယူခဲ့ရင်တော့ ကျနော်တို့‌ကျင့်သုံးနေတဲ့ ကိုဓဥပဒေအတိုင်းပဲ ဆောင်ရွက်သွားမယ်။ အပြောမဟုတ်ဘူး စစ်ကိုင်းတိုင်းဘက်က အရင်လက်တွေ့ပြစေချင်တယ်ဆိုလည်း ဖြစ်တယ်။ သိပ်မခက်ခဲလှဘူး" လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဦးဂျင်မီနဲ့ ဦးဖြိုးဇေယျာသော်တို့ကို စစ်ကောင်စီရဲ့ စစ်ခုံရုံးက ပုဒ်မ ၄၉ (က) / ၅၀ (ဈ) / ၅၀ (ည) အမှုတွေနဲ့ စွဲချက်တင် သေဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ သေဒဏ်အတည်ပြုခံရတဲ့အထဲမှာ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

12 mins Ago

January 4, 2022

ဒီဇင်ဘာ မုံရွာတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၅၀ ထက်မနည်းသေဆုံးဟု ခရိုင် PDF ပြော

ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက မုံရွာခရိုင်ပြည်သူ့ကာ‌ကွယ်ရေးတပ်ဖွဲ့ (MPDF) တပ်ရင်း ၁ နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ပူးတွဲတိုက်ခိုက်ခဲ့ရာမှာ  စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ထက်မနည်း သေဆုံးခဲ့သလို အများပြား ဒဏ်ရာရခဲ့တယ်လို့ MPDF အဖွဲ့ဝင်တစ်ဦးရဲ့ အပြောအရ သိရပါတယ်။

စစ်ကောင်စီဘက်က သေဆုံးသူတွေ‌ထဲမှာ တပ်ရင်းမှူး ၁ ဦး ပါဝင်တယ်လို့ သိရပြီး သေဆုံးသူ ဦးရေ ဒီထက်ပိုနိုင်တယ်လို့လည်း ဆိုပါတယ်။

“အခုစာရင်းက ကျနော်တို့ မုံရွာခရိုင်တပ်ရင်း ၁ ပါဝင် ပူးတွဲတိုက်ခဲ့တဲ့ စာရင်းသက်သက်ပါ။ တချို့ တိုက်ပွဲတွေမှ စစ်ကောင်စီတပ် အသေပျောက်စာရင်း မသိရသေးတာလည်း ရှိတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင် အသေအပျောက်က ဒီစာရင်းထက် ပိုများနိုင်တယ်။ နည်းပညာနဲ့ ဒရုန်းသုံးပြီး လေကြောင်းကနေ ဗုံးကြဲခဲ့တာလည်း ရှိပါတယ်။”

အဲဒီတိုက်ခိုက်မှုတွေထဲမှာ မိုင်းဆွဲပြီးနောက် အပြန်လှန်ပစ်ခတ်မှုတွေ အပါအဝင် ဒရုန်း အသုံးပြုပြီး လေကြောင်းနဲ့ ဗုံးချတိုက်ခိုက်မှု ၁၄ ကြိမ်ရှိခဲ့တယ်လို့ သိရပါတယ်။

မုံရွာခရိုင် (MPDF) တပ်ရင်း-၁ မှ ကနီတပ်ခွဲ၊ သံမဏိတပ်ခွဲ၊ အောင်ဆန်းတပ်ခွဲတို့ရဲ့ ပူးပေါင်းထုတ်ပြန်ချက်အရ ဒီဇင်ဘာအတွင်း မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးတွဲကာ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲပေါင်း ၇ ကြိမ်ထက်မနည်းရှိခဲ့တယ်လို့ သိရပါတယ်။

ဒီဇင်ဘာလ မုံရွာတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်သားတွေ သေဆုံးဒဏ်ရရာတာနဲ့ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

5 months Ago
Up