close

Media TOP 4

close

February 9, 2022

ဖမ်းဆီးခံ သတင်းထောက် ကိုသူရိန်ကျော်ကို ပြန်လွှတ်ပေးရန် CPJ တောင်းဆို

စစ်တပ်ထောက်ခံချီတက်ပွဲကို သတင်းယူခဲ့ပြီးနောက်ဖမ်းဆီးခံနေရတဲ့ သတင်းထောက် ကိုသူရိန်ကျော်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့ သူ့ကိုစွပ်စွဲထားတဲ့ စွဲချက်မှန်သမျှကို ရုပ်သိမ်းပေးဖို့ သတင်းထောက်များကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ)က ဖေဖော်ဝါရီ ၈ ရက်မှာ တောင်းဆိုလိုက်ပါတယ်။

လွတ်လပ်တဲ့ Media TOP 4 အွန်လိုင်းမီဒီယာကို တည်ထောင်သူ ကိုသူရိန်ကျော်ဟာ  ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂ ရက်က သတင်းယူနေရင်း အမည်မသိ တိုက်ခိုက်သူတွေက ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။

နောက်တစ်နေ့မွန်းလွဲပိုင်းမှာ အင်းစိန်မြို့နယ် အာဏာပိုင်တွေက ကိုသူရိန်ကျော်ကို သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့ကြောင်းနဲ့ သူနဲ့အတူ တခြားအမည်မသိ လူနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း သတင်းတွေအရ သိရပါတယ်။

သတင်းထောက် ကိုသူရိန်ကျော်ကို ချက်ချင်းလွှတ်ပေးဖို့နဲ့ သတင်းရယူတဲ့အလုပ် လုပ်နေတဲ့ သတင်းထောက်တွေကို နှောင့်ယှက်တာကို အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ရပ်ပစ်ရမယ်လို့ CPJ  က ပြောပါတယ်။ 

ဒီဇင်ဘာလက CPJ ရဲ့ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စာရင်းမှတ်တမ်းအရ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို အဆိုးရွားဆုံး ထောင်ချတဲ့နိုင်ငံတွေထဲမှာ တရုတ်က ထိပ်ဆုံးကဖြစ်ပြီး မြန်မာနိုင်ငံက ဒုတိယနေရာမှာ ရှိနေပါတယ်။

2 mins Ago
Up