close

MH17 မလေးရှားလေယာဉ်

close

March 15, 2022

MH17 မလေးရှားလေယာဉ် ပစ်ချခံရမှု ဩစတြေးလျနှင့် နယ်သာလန်က ရုရှားကို တရားစွဲ

လွန်ခဲ့တဲ့ ၈ နှစ် မလေးရှားခရီးသည်လေယာဉ် MH17 ယူကရိန်းအရှေ့ဘက်ဒေသမှာ ပစ်ချခံရမှုအပေါ်  ဩစတြေးလျနဲ့ နယ်သာလန်နိုင်ငံတို့က ကုလသမဂ္ဂလေကြောင်းအေဂျင်စီမှာ ရုရှားကို ပူးတွဲတရားစွဲဆိုမှု မတ် ၁၄ ရက်က စတင်ပြုလုပ်ခဲ့ပါတယ်။

၂၀၁၄ ဇူလိုင်လမှာ အမ်စတာဒန်မြို့မှ ကွာလာလမ်ပူမြို့ကို ပျံသန်းနေတဲ့ Boeing 777 လေယာဉ်ဟာ ယူကရိန်းအရှေ့ဘက် ရုရှားလိုလားတဲ့ ခွဲထွက်သူပုန်ဒေသကို ဖြတ်ပျံသန်းစဉ် ရုရှားလုပ်ဒုံးကျည်နဲ့ ပစ်ချခံခဲ့ရလို့ ခရီးသည် ၂၉၈ ဦး အသက်ဆုံးရှုံးခဲ့ရတာပါ။ 

ဩစတြေးလျဝန်ကြီးချုပ် စကော့မော်ရစ်ဆန်က “ပစ်ချခံရတဲ့ လေယာဉ်မှာ ဩစတြေးလျနိုင်ငံသား ၃၈ ဦး ပါသွားတယ်။ အဲဒီထိတ်လန့်ဖွယ်ဖြစ်ရပ်ကို တာဝန်ယူဖို့ ရုရှားက အမြဲငြင်းဆန်နေတာပါ။ အခု MH17 မှာ အသက်ဆုံးရှုံးခဲ့ရတဲ့သူအားလုံးအတွက် တရားမျှတမှုနဲ့ အမှန်တရားပေါ်ပေါ်ရေးအတွက် ကုလသမဂ္ဂမှာ တရားစွဲတာပါ” လို့ ပြောပါတယ်။  

ဒတ်ချ်အစိုးရကလည်း  ပစ်ချခဲ့တဲ့လေယာဉ်မှာ အသက်ဆုံးရှုံးခဲ့တဲ့ အရပ်သား ၂၉၈ ယောက်ထဲ ဒတ်ချ်လူမျိုး ၁၉၆ ယောက် ပါဝင်တယ်လို့ ပြောပါတယ်။  ဒီအမှုကိစ္စ အခုထိ ရုရှားနိုင်ငံခြားရေးဌာနက တစုံတရာ ပြောဆိုမှု မရှိသေးပါဘူး။

1 min Ago
Up