close

MI 5

close

January 16, 2022

ဗြိတိသျှထောက်လှမ်းရေး MI 5 စွပ်စွဲချက် တရုတ်ငြင်းဆို

တရုတ်ကွန်မြူနစ်ပါတီက ဗြိတိသျှပါလီမန် အမတ်တွေအပေါ် မလျော်ဩဇာသုံးဖို့ ‘ခရစ္စတင်လီ’ ဆိုတဲ့ တရုတ်အမျိုးသမီးတဦးကို အလုပ်ခန့်ထားကြောင်း ဗြိတိသျှထောက်လှမ်းရေး MI 5 ရဲ့ စွပ်စွဲချက်တွေကို စနေနေ့မှာ  တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ငြင်းဆိုလိုက်ပါတယ်။

ခရစ္စတင်လီဟာ လန်ဒန်မှာ ဥပဒေအကျိုးဆောင်လုပ်ငန်းဖွင့်ထားပြီး လွှတ်တော်အမတ်တွေထဲ ‌ဝင်ထွက် ပေါက်ရောက်နေသူပါ။ 

ပြီးခဲ့တဲ့ ကြာသာပတေးနေ့က ဗြိတိသျှထောက်လှမ်းရေး MI 5 က အမတ်တွေအားလုံး မစ္စလီကို  သတိထားကြဖို့နဲ့ သူဟာ တရုတ်ကွန်မြူနစ်ပါတီက အလုပ်ခိုင်းထားသူလို့ သတိပေးခဲ့တာပါ။

မနေ့က တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်းက တရုတ်ဟာ တခြားနိုင်ငံရဲ့ ပြည်တွင်းရေး ဝင်မစွက်ဘက်ရေးမူကိုသာ အမြဲ ဆုပ်ကိုင်ထားတာကြောင့်  MI 5 ရဲ့  စွပ်စွဲမှုတွေဟာ အခြေအမြစ်မရှိဘူးဆိုပြီး သတင်းစာရှင်းလင်းခဲ့ပါတယ်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီးက မစ္စလီရဲ့ ခြေလှမ်းတွေဟာ ရာဇဝတ်မှုကို ကျော်လွန်နေတာမို့ အစိုးရနဲ့ ဥပဒေပြုအမတ်အားလုံး အကပ်မခံဖို့ အဝယ်မခံဖို့ သတိပေးထားပါတယ်၊။

3 mins Ago
Up