Miss Eco International 2022 အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ် အဖြစ် စေလွှတ်ယှဉ်ပြိုင်နိုင်ဖို့ ပြိုင်ပွဲဝင် အလှမယ်တွေကို ဖိတ်ခေါ်နေပါတယ်။
ပြိုင်ပွဲဝင်တွေထဲက ပဏာမ ဆန်ကာတင် အလှမယ် ၁၅ ယောက်ကိုတော့ လတ်တ လောအခြေအနေအရ Zoom ကတဆင့် တပတ်ကျော်ကြာ Challenge တွေနဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပြီး နောက်ဆုံးဆန်ကာတင် ၅ ယောက်ကတော့ ပြိုင်ပွဲကျင်းပရာ မြို့မှာ လာရောက်ယှဥ်ပြိုင်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ပါဝင်ယှဉ်ပြိုင်လိုသူတွေအနေနဲ့ သက်ဆိုင်ရာ Missology Myanmar ဖေ့စ်ဘွတ်ခ်စာ မျက်နှာရဲ့ Page Chatbox ကနေ လျှောက်လွှာတင်နိုင်မှာ ဖြစ်ပြီး မြန်မာနိုင်ငံ ကိုယ်စားပြုအလှမယ်အနေနဲ့ အီဂျစ်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် Miss Eco International 2022 ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။