close

Miss Intercontinental

close

July 16, 2021

နိုင်ငံရေးအခြေအနေကြောင့် Miss Intercontinental အလှမယ်ပြိုင်ပွဲတွင် မြန်မာ မပါဝင်နိုင်

လတ်တလော စစ်အာဏာသိမ်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့ အခြေအနေတွေကြောင့် Miss Intercontinental အလှမယ်ပြိုင်ပွဲမှာ မြန်မာနိုင်ငံက အလှမယ် သွားရောက်ယှဉ်ပြိုင်ခြင်းမ ပြုနိုင်တော့ဘူးလို့ Missosology Myanmar က ထုတ်ပြန်ထားပါတယ်။

အခုနှစ်မှာတော့ Miss Intercontinental အလှမယ်ပြိုင်ပွဲကို ကျင်းပလာခဲ့တာ ၄၉ ကြိမ်မြောက် ရှိခဲ့ပြီဖြစ်ကာ ဒီပြိုင်ပွဲမှာ သွားရောက်ယှဉ်ပြိုင်ဖို့ မြန်မာနိုင်ငံကိုယ်စားပြု အလှမယ် မေသဇင်ဦးကို ရွေးချယ်ထားခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်က ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Intercontinental အ လှမယ်ပြိုင်ပွဲမှာတော့ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်အဖြစ် နန်းမွေဖောင်းလုံက သွား ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဆန်ကာတင် အယောက် ၂၀ အဆင့်ထိ ရောက်ရှိခဲ့ကာ Miss Ultra V ဆုကို ရရှိခဲ့တာပါ။

လတ်တလောမှာတော့ အာဏာသိမ်းကာလ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ ကူးစက်မှု တွေ မြင့်တက်လာနေတဲ့ ကိုဗစ်-၁၉ တတိယလှိုင်းအခြေအနေတွေနဲ့အတူ မြန်မာက ပါဝင်နိုင်ခြင်း မရှိတော့ပါဘူး။

3 mins Ago
Up