close

Miss Universe

close

May 17, 2021

မယ်စကြဝဠာပြိုင်တွင် မြန်မာအလှမယ် National Costume ဝတ်စုံဆုရရှိ

အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ  ဟောလီးဝုဒ်မှာ  ဒီကနေ့ ကျင်းပတဲ့ ၆၉ ကြိမ်မြောက် မယ်စကြဝဠာပြိုင်မှာ မြန်မာအလှမယ် သူဇာဝင့်လွင်က   National Costume နိုင်ငံကိုယ်စားပြုရိုးရာဝတ်စုံဆု ရရှိသွားပါတယ်။

မြန်မာအလှမယ် မူလက ဝတ်ဆင်ယှဉ်ပြိုင်ဖို့ပြင်ဆင်ထားတဲ့ အစိမ်းရောင်နဲ့ ရွှေရောင် အမျိုးသားဝတ်စုံကတော့ ကံမကောင်းစွာနဲ့ပဲ ပျောက်ဆုံးသွားခဲ့ပြီး အချိန်မီရောက်မလာခဲ့တဲ့ အတွက်ရိုးရာ ချင်းတိုင်းရင်းသား ဝတ်စုံကို ဝတ်ဆင်ယှဉ်ပြိုင်ခဲ့ရတာပါ။

မြန်မာနိုင်ငံက တောင်ပေါ်တိုင်းရင်းသားတွေ ဝတ်ဆင်တဲ့ ပုတီးစေ့လေးတွေနဲ့ အရိုးရှင်းဆုံး ရက်လုပ်ဖန်တီးထားတဲ့ ဝတ်စုံကပဲ မြန်မာအလှမယ်ကို ခုလိုဆုရှိစေခဲ့တာ ဖြစ်ပါတယ်။ 

ဒါ့အပြင် မြန်မာအလှမယ်ဟာ ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က  ပြိုင်ပွဲစင်မြင့်ပေါ်မှာရတဲ့ အခွင့်အရေးကို အရယူပြီး  ဒုက္ခအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေအတွက် ရည်ရွယ်ပြီး "Pray For Myanmar” မြန်မာနိုင်ငံအတွက် ဆုတောင်းပေးကြဖို့ နိုင်ငံတကာ အသိုင်းအဝန်းကို တောင်းဆိုဆန္ဒထုတ်ဖော်သွားခဲ့ပါတယ်။

၆၉ ကြိမ်မြောက် မယ်စကြဝဠာပြိုင်ပွဲ နောက်ဆုံးဖိုင်နယ်ပွဲစဉ်ကို မေလ ၁၆ ရက်နေ့ အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါ  ဟောလီးဝုဒ်မှာ ကျင်းပနေတာမှာ  National Costume  ဆုရသူကို ကြေညာသွားတာဖြစ်ပါတယ်။

Photo Credit- missosology

5 mins Ago

June 24, 2017

Miss Universe ပုသိမ်အလှမယ်သရဖူဆု ​နော်​​ရွှေရွက်​လွှာရရှိ (ဓာတ်ပုံ)

ဧရာဝတီတိုင်း  ပုသိမ်မြို့ မြို့တော်ခန်းမမှာ  ဇွန်လ ၂၃ ရက်က ကျင်းပတဲ့  Miss Universe Pathein 2017 ပြိုင်ပွဲမှာ  ခါးနံပါတ် ၆ နော်ရွှေရွက်လွှာက အလှမယ်သရဖူဆုရရှိသွားပါတယ်။ 1st runner up ဆုကိုတော့ ခါးနံပတ် ၉ နော်မာရီလင်းထူးက ရရှိသွားပြီး 2nd runner up ဆုကို တော့ ခါးနံပါတ် ၁၅ ယွန်းမြတ်နိုးမောင်က ရရှိခဲ့ပါတယ်။ ဧရာဝတီတိုင်း မြို့တော်ပုသိမ်မှာ  Miss Universe Pathein ပြိုင်ပွဲကို ကျင်းပလာတာဟာ ဒီနှစ်နဲ့ဆို သုံးနှစ်ရှိသွားပြီဖြစ်ပါတယ်။
4 years Ago
Up