close

MK-PDF

close

December 19, 2021

မင်းကင်း PDF က ၆၀-မမ စိန်ပြောင်းနှင့် လက်နက်ကြီးများ စမ်းသပ်ထုတ်လုပ်အောင်မြင် (ရုပ်သံ)

စစ်ကိုင်းတိုင်း၊ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MK-PDF) က ၆၀-မမ စိန်ပြောင်း အပါအဝင် လက်နက်ကြီးတွေ ထုတ်လုပ်စမ်းသပ်ပစ်ခတ်ရာ အောင်မြင်မှုရရှိခဲ့တယ်လို့ ဒီဇင်ဘာ ၁၈ ရက်နေ့က သိရပါတယ်။

မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MK-PDF) တာဝန်ခံတဦးက “ကျနော်တို့ MK-PDF တပ်ရင်း ၂၊ တပ်ခွဲ ၃ ကနေ ၆၀ မမ စိန်ပြောင်း၊ ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပခုံးထမ်း RPG တွေ ထုတ်လုပ်နိုင်ခဲ့ပြီး စမ်းသပ်ပစ်ခတ်ရာမှာ အောင်မြင်မှုတွေရရှိခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း စမ်းသပ်ထုတ်လုပ်သွားမှာပါ” လို့ အတည်ပြုပြောပါတယ်။

မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MK-PDF) တပ်ရင်း ၂၊ တပ်ခွဲ ၃ ဟာ ဒီဇင်ဘာ ၁၀ ရက်နေ့က ၄၀ မမ ဗုံးပစ်လောင်ချာနဲ့ ပုခုံးထမ်း RPG စမ်းသပ်ပစ်ခတ်ရာ အောင်မြင်ခဲ့ပြီး ဒီဇင်ဘာ ၁၈ ရက်မှာလည်း ၆၀-မမ စိန်ပြောင်းကို စမ်းသပ်ထုတ်လုပ် ပစ်ခတ်အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။

53 seconds Ago
Up