close

M&K The Boys

close

February 5, 2022

ကနီမြို့နယ် ဝင်မနားရဲစခန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ဝင်မနားရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေက သွားရောက် တိုက်ခိုက်ခဲ့ရာမှာ  တိုက်ပွဲဖြစ်ပွားပြီး  နှစ်ဘက် ထိခိုက် သေဆုံးမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဖေဖော်ဝါရီ ၃ ရက် ည ၁၀ နာရီခွဲလောက်က တစ်ကြိမ်၊  ဖေဖော်ဝါရီ ၄ ရက် မနက်ခင်းမှာတစ်ကြိမ်  စုစုပေါင်း တိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

Kani PDF-1ရဲ့ တာဝန်ရှိသူက “တိုက်ပွဲက ထိပ်တိုက်ဖြစ်ပွားတဲ့တိုက်ပွဲ။ နှစ်ဘက် အကျအဆုံးတော့ရှိတယ်။ သူတို့ဘက်က‌ ၃၀ လောက်ကျဆုံးပြီး အများအပြားဒဏ်ရာရတယ်လို့ သတင်းအတိအကျ ရထားတယ်။ ကျနော်တို့ဘက်က ၃ ယောက် ကျဆုံးတယ်။ ၁၀ ယောက် ထိခိုက်ဒဏ်ရာရတာတွေတော့ ရှိတယ်ဗျ။ အသက်အန္တရာယ်ကတော့ မစိုးရိမ်ရဘူး”လို့  ပြောပါတယ်။

ဝင်မနားရဲစခန်းမှာ စစ်ကောင်စီတပ်တွေကို ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့ KPDF-1၊M&K The Boys၊ ဒီပဲယင်း PDF ၊ ကနီ PDF ၊ ရွှေတြိဂံတပ်ရင်း၊ ဒေသတွင်းမဟာမိတ်ညီနောင်များ၊ မဟာမိတ်ညီနောင် EAO များ၊ ဒေသခံ ပ.က.ဖအဖွဲ့များ နဲ့ MDFအဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ဒေသခံတွေကတော့ အခုလို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေနဲ့တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးနေကြရပါတယ်။ ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်တော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

2 mins Ago
Up