close

MUA

close

September 3, 2022

မြောင်မြို့နယ်တွင် တိုက်ပွဲဖြစ်ပြီး MUA တပ်စုမှူး ၁ ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စက်တင်ဘာ ၂ ရက်က စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ ကာကွယ်ရေးတပ်တို့တိုက်ပွဲဖြစ်ပွားခဲ့ပြီး  ပြည်သူ့တပ်မတော် (မြောင်) MUA အဖွဲ့က  တပ်စုမှူးတယောက် ကျဆုံးသွားပါတယ်။

မြစ်သာရွာရောက်နေတဲ့ စစ်ကောင်စီတပ်သားတွေက ရှေ့ကင်းယူရာမှာ သုခဒီပရွာဘက်ကနေ ကင်းယူတဲ့  PDFတပ်ဖွဲ့ဝင်နဲ့တွေ့ပြီး  အပြန်အလှန်ပစ်ခတ် တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

ပြည်သူ့တပ်မတော် (မြောင်) MUA ဒေသခံခေါင်းဆောင် ကိုတိုက်ဂါးက “မြောင်မြို့နယ်ကတော့ ဒီနေ့အနေအထားကတော့ ဒီဒေသခံတွေအတွက်အရမ်းစိုးရိမ်ရတဲ့ အနေအထားဗျ။ ဒီနေ့မြစ်သာရွာနဲ့ သုခဒီပရွာကြားမှာ ကျနော်တို့ တပ်စုမှူး တယောက် ကျဆုံးသွားတယ်"လို့ ပြောပါတယ်။

ကျဆုံးသွားသူဟာ ရဲဘော်ဦးသန့်စင်ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက စစ်တပ်ထဲက ထွက်လာတဲ့ စစ်မှုထမ်းဟောင်းတယောက် ဖြစ်ပါတယ်။ ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျဆုံးကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

မြောင်မြို့အတွင်းစစ်ကြောင်း ၂ ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်တွေဟာ ရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်ရုံမက ဧရာဝတီမြစ်တဖက်ကမ်း မြင်းခြံမြို့နယ်ဘက်ကပါ ပစ်ကူပေးနေတယ်လို့ ကိုတိုက်ဂါးက ပြောပါတယ်။

“အခုလက်ရှိက မြောင်မြိုနယ်၊ ကင်းရွာလည်းစစ်ကောင်စီတဖွဲ့ရှိတယ်။ မနက်ကမြစ်သာမှာ တပ်စွဲထားတဲ့တပ်ကလည်း  မြစ်စုံဘက်ကို လက်နတ်ကြီးနဲ့ပစ်ဝင်တယ်။ ညောင်ကားရွာနဲ့ ပန်းညိုဘက်လည်း မြင်းခြံဘက်ကနေ စစ်ကောင်စီက လက်နတ်ကြီးတွေနဲ့ ပစ်နေတယ်ဗျ။ 

အခုလိုတိုက်ပွဲတွေဖြစ်ပွားနေတာကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာ အနည်းဆုံး ၁၀ ရွာလောက်က ရွာသားတွေ စစ်ဘေးရှောင်နေကြရပါတယ်။

57 seconds Ago
Up