close

Myanmar Metals ကုမ္ပဏီ

close

July 21, 2021

သြစတြေးလျအခြေစိုက် Myanmar Metals ကုမ္ပဏီ ရှယ်ယာထက်ဝက်ကျော်ရောင်းချရန် စီစဉ်

သြစတြေးလျအခြေစိုက် Myanmar Metals ကုမ္ပဏီဟာ မြန်မာနိုင်ငံက သူ့ရဲ့ ငွေ ၊ ခဲ ၊သွပ် ဘော်တွင်းစီမံကိန်းရဲ့ ရှယ်ယာ ၅၁ ရာခိုင်နှုန်းကို ရောင်းချဖို့ စီစဉ်ထားတယ်လို့ ဇူလိုင် ၂၁ ရက်မှာ ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ လူမှုရေးမတည်ငြိမ်မှုများ ဖြစ်ပွားပြီးနောက်မှာ သူ့ရဲ့ဒေါ်လာသန်း ၃၀၀ စီမံကိန်းအတွက် ရန်ပုံငွေရရှိဖို့ အခက်အခဲတွေ ဖြစ်ရတယ်လို့ ဆိုပါတယ်။

ကုမ္ပဏီရဲ့နီးကပ်နေတဲ့ကာလမှာ စီမံကိန်းဘဏ္ဍာရေးရဲ့ ဝယ်ယူမှုအပိုင်းမှာ အလွန်အမင်းပြဿနာ ရှိနိုင်ပြီး လက်တွေ့အားဖြင့် မမျှော်လင့်ထားတာတွေ ဖြစ်လာနိုင်တယ်လို့ ဘုတ်အဖွဲ့က ရှုမြင်သုံးသပ်ထားတယ်လို့ Myanmar Metals ကပြောကြားပါတယ်။ 

ဒီဖေဖော်ဝါရီလ အာဏာသိမ်းကတည်းက မြန်မာနိုင်ငံရဲ့ ရှမ်းပြည်နယ်က စီမံကိန်းမှာ ငွေကြေးထည့်ဝင်ဖို့ စိတ်ဝင်စားကြောင်းပြသတဲ့ အဖွဲ့အားလုံး ပြန်ရုပ်သိမ်းသွားကြပြီး၊ ဘော်တွင်းစီမံကိန်းကို ဆက်လုပ်နေမယ်ဆိုရင် တစ်နှစ်မပြည့်ခင်မှာပဲ သူ့ရဲ့အရန်ငွေကြေး စုစုပေါင်း ဒေါ်လာ ၁၁ ဒသမ ၄ သန်း အားလုံးနီးပါး ဆုံးရှုံးသွားရလိမ့်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

ရှေ့ဆက်ဖို့ အကောင်းဆုံးလမ်းကြောင်းကတော့ စီမံကိန်းရဲ့ ရှယ်ယာတွေကို ရောင်းချတာ သို့မဟုတ် ကုမ္ပဏီတစ်ခုလုံးကို ရောင်းချတာဖြစ်တယ်လို့ Myanmar Metals ကုမ္ပဏီက ပြောဆိုပါတယ်။ 

တရုတ်အခြေစိုက် Yintai Gold ကုမ္ပဏီဟာ ပြီးခဲ့တဲ့လက ဩစတြေးလျ ဒေါ်လာ ၆၆ သန်းခွဲကို  Myanmar Metals ကို လွှဲပြောင်းယူဖို့ အဆိုပြုခဲ့ပါတယ်။ 

မြန်မာနိုင်ငံကို အကြမ်းဖက် အာဏာလုထားပြီး အကြမ်းဖက်လုပ်ရပ်တွေ တစိုက်မတ်မတ် လုပ်ဆောင်နေတဲ့ စစ်တပ်နဲ့ အဆက်အသွယ်ဖြတ်ဖို့ သူတို့နဲ့ဆက်နွှယ်နေတဲ့ ကုမ္ပဏီတွေနဲ့ ဆက်စပ်မှုရှိနေသူတွေကို တိုက်တွန်းနေချိန်မှာ နိုင်ငံခြားကုမ္ပဏီတွေဟာ လုပ်ငန်းဆောင်ရွက်မှုတွေကို လျှော့ချခြင်း၊ လုပ်ငန်းဖျက်သိမ်းခြင်းတွေ လုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။

2 mins Ago
Up