close

Myanmar Unique အထည်ချုပ်စက်ရုံ

close

September 22, 2021

အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်​နေသည့် Myanmar Unique အထည်ချုပ်စက်ရုံပိတ်

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်၊ ရွှေလင်ပန်းစက်မှုဇုန်ရှိ အလုပ်သမားတစ်​​ထောင်​ကျော်နဲ့ လည်ပတ်​နေတဲ့ ​​Myanmar Unique အထည်ချုပ်စက်ရုံကို စက်တင်ဘာ ၂၁ ရက်မှာ ပိတ်သိမ်းလိုက်ပါတယ်။ 

အော်ဒါအထည်လျော့နည်းလာပြီး တခြားအခြေအနေတွေကြောင့် ဆက်လက်လည်ပတ်ဖို့ မဖြစ်နိုင်တော့တဲ့အတွက် ပိတ်သိမ်းလိုက်တာလို့သိရကြောင်း စက်ရုံ လုပ်သားခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

Myanmar Unique အထည်ချုပ်စက်ရုံကို လွန်ခဲ့တဲ့ ၈ နှစ်လောက်ကတည်းက ဖွင့်လှစ်ခဲ့တာပါ။ 

စစ်အာဏာသိမ်းပြီးနောက် အထည်ချုပ်စက်ရုံတွေ ပိတ်သိမ်းတာ၊ လုပ်သားအင်အား လျှော့ချတာတွေ ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ 

Myanmar Unique အထည်ချုပ်စက်ရုံဟာ ၇ လ အတွင်း ပိတ်သိမ်းခဲ့တဲ့ စက်ရုံတွေထဲမှာ လုပ်သားအင်အား အများဆုံးစက်ရုံကြီးတစ်ခု ဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားနေတဲ့ အဖွဲ့တွေက ဆိုပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် လုပ်ငန်းကဏ္ဍအရပ်ရပ်မှ လုပ်သားအင်အား ၅ သိန်းကျော် အလုပ်လက်မဲ့ဖြစ်ပေါ်နေပြီး အရေအတွက်တိုးလာနိုင်သေးတယ်လို့ သူတို့က ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ အလုပ်လက်မဲ့ပြဿနာ ကြီးထွားနေမှုအပေါ် အ​ရေးတယူဖြေရှင်းပေးတာ မရှိသေးပါဘူး။

14 mins Ago
Up