close

Myaung Education Network

close

March 28, 2022

မြောင်နယ်တွင် စာသင်ကျောင်း ၁၇ ကျောင်း ဖွင့်လှစ်သင်ကြား

စစ်အာဏာသိမ်းကာလမှာ ကျောင်းသူကျောင်းသားတွေ ပညာရေးမနှောင့်နှေး စေဖို့အတွက် မြောင်မြို့နယ်မှာ ကြားကာလပညာရေးဖော်ဆောင်တဲ့အနေနဲ့ စာသင်ကျောင်းပေါင်း ၁၇ ကျောင်းထိ ဖွင့်လှစ် သင်ကြားနေတယ်လို့ သိရပါတယ်။

မြောင်ပညာရေးကွန်ရက် Myaung Education Network ရဲ့ ထုတ်ပြန်ချက်မှာတော့ ပညာရေး၊ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းဆောင်တာတွေကို မြိုနယ်တွင်းလုပ်ဆောင်ခဲ့တာ ၂၅ ရက် ရှိခဲ့ပြီဖြစ်ကာ လက်ရှိ အချိန်ထိ  သူငယ်တန်း ၇၃၉  ယောက်၊ မူလတန်း ၁၁၁၃ ယောက်၊ အလယ်တန်း ၉၅၈ ယောက်နဲ့ အထက်တန်း  ၂၄၃ ယောက်၊ ကျောင်းသားကျောင်းသူပေါင်း  ၃၀၅၃ ယောက် ပညာသင်ကြားနေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကြားကာလပညာရေးလုပ်ငန်းဆောင်တာတွေကို ကွန်ရက်သဖွယ်ချိတ်ဆက်ပြီး မြောင်နယ်ပညာရေးမှာ ပါဝင်အားဖြည့်သွားမှာဖြစ်ကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊   ပညာရေးဝန်ကြီးနဲ့လည်း တွေ့ဆုံခဲ့ကာ မြို့နယ်ပညာရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့ ရည်ရွယ်ချက်၊ မူဘောင်၊ လုပ်ငန်းစဥ်နဲ့ ရည်ရွယ်ချက်တွေကို တင်ပြထားပြီးဖြစ်တယ်လို့ ပြောပါတယ်။

မြောင်ပညာရေးကွန်ရက်ကိုတော့ မြောင်နယ်သူနယ်သားတွေနဲ့ စတင်ဖွဲ့စည်းခဲ့ပြီး ၂၀၂၂ ခုနှစ်၊ မတ် ၁ ရက်က စတင်ပြီး ပညာရေးလုပ်ငန်းတွေကို အကောင်အထည်ဖော်ခဲ့တယ်လို့ သိရပါတယ်။

ဆက်လက်ပြီးတော့လည်း ကြားကာလပညာရေးအတွက် မြောင်ပညာရေးကွန်ရက်နဲ့ လာရောက်ချိတ်ဆက်ထားတဲ့ ကျေးရွာတွေကိုလည်း ကျောင်းတွေ ဖွင့်လှစ်ပြီး ပညာသင်ကြားပေးနိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

5 mins Ago
Up