close

Mytelရုံး

close

September 9, 2021

အောင်ပန်းမြို့ Mytelရုံးတွင် ပေါက်ကွဲမှုဖြစ်ပွား

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်‌၊ အောင်ပန်းမြို့၊ ညောင်ပင်ထောင်ရပ်ကွက်က စစ်ကောင်စီတပ်ပိုင် Mytelရုံးမှာ စက်တင်ဘာ ၈ ရက်နေ့ ညဦးပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မြို့ခံတဦးက “ပေါက်ကွဲသံအကျယ်ကြီးကြားတယ်။ မိုင်တဲလ်ရုံးမှာ ပေါက်ကွဲတာတဲ့။ စစ်ကားတွေရောက်လာပြီး သေနတ်တွေဖောက်နေတော့ သွားမကြည့်ရဲဘူး” လို့ ပြောပါတယ်။

အောင်ပန်းမြို့က မိုင်တဲလ်ရုံးပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ထိခိုက်ပျက်ဆီးမှုတွေ သိရှိနိုင်ဖို့ ဒီဗွီဘီက ဆက်လက်စုံစမ်းနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူ့တော်လှန်ရေးနေ့စတင်ကြေညာတဲ့ စက်တင်ဘာ ၇ ရက်နေ့ကစပြီး မြို့နယ်အချို့က စစ်တပ်ပိုင် Mytel ဝါတိုင်တွေကို ဒေသခံ PDF တွေက ဖောက်ခွဲဖျက်ဆီးနေတယ်လို့ သိရပါတယ်။

3 months Ago

April 4, 2021

ပဲခူးမြို့က စစ်တပ်ပိုင် Mytel ရုံးတွင် ပေါက်ကွဲမှုဖြစ်

ပဲခူးမြို့ သနပ္ပင်လမ်း ဘေးမှာရှိတဲ့ လိပ်ပြာကန်ရှေ့က  စစ်တပ်ပိုင်ကုမ္ပဏီ  Mytel ရုံးနဲ့ ရွှေမော်ဓောဘုရား တောင်ဘက်မုဒ်မှာရှိတဲ့ ဆံတော်တွင်းလမ်းထိပ်က Mytel ရုံး  ၂ ရုံးမှာ  ဧပြီ ၄ ရက် မွန်းလွဲ  ၂ နာရီကျော်လောက်က ပေါက်ကွဲမှုတွေ ဖြစ်ခဲ့ ပါတယ်။

အခုပေါက်ကွဲမှုမှာ အပြင်ကနေ ဆိုင်ကယ်နဲ့ လက်ပစ်ဗုံး  ပစ်ထည့်သွားတယ်ဆိုတဲ့ အတည်မပြုနိုင်သေးတဲ့ သတင်းတွေထွက်နေပါတယ်။

လတ်တလော  ပေါက်ကွဲမှုကြောင့် ဘယ်လိုထိခိုက်မှုရှိတယ် ဘာတွေဖြစ်သွားတယ်ဆို တာတော့မသိရသေးသလို ပြီးခဲ့တဲ့မတ်လ ၃၀ ရက် ကလည်း ပဲခူးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှာ ပေါက်ကွဲမှုတခု ဖြစ်ခဲ့ပါသေးတယ်။

8 months Ago
Up