ဧရာဝတီတိုင်း၊ ဘိုကလေးမြို့ရှိ မိခင်နှင့်ကလေးကျန်းမာရှေးဌာန ရုံးရှေ့မှာ ဇန်နဝါရီ ၁၉ ရက် ညပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
အမှတ် ၅ ရပ်ကွက်၊ အောင်ဩဘာလမ်းမှာရှိတဲ့ အဆိုပါရုံးရှေ့မှာ ည ၉ နာရီ မိနစ် ၄၀ လောက်က ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး လူထိခိုက်ဒဏ်ရာရတာတော့ မရှိပါဘူး။
ဘိုကလေးမြို့ခံတဦးက “တော်တော်ကျယ်တယ်။ တမြို့လုံးလိုလိုကြားလိုက်ရတာ။ လူခြေတိတ်ချိန်ပေါက်တာလည်းပါမယ်။ ထိခိုက် ပျက်စီးတာမျိုးတော့ မရှိဘူး သတိပေးတဲ့အနေနဲ့ ခွဲတာဖြစ်နိုင်တယ်”လို့ ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီတပ်သားတွေရောက်လာပြီး စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ ကြံခင်းမြို့နယ်ထဲမှာလည်း ဒီကနေ့ မနက်ပိုင်း စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် ၂ တိုင် မိုင်းခွဲဖျက်ဆီးခံခဲ့ရပါတယ်။
ကျောင်းကုန်းမြို့နယ် ဒိုးတန်းကျေးရွာက Mytel ဆက်သွယ်ရေး System ပုံးကို ကျောင်းကုန်းပြောက်ကျားတပ်ဖွဲ့ နို၀င်ဘာ ၅ ရက်နေ မနက် ၅ နာရီကျော်လောက်က ဖောက်ခွဲခဲ့ တယ်လို့ သိရပါတယ်။
မိုင်းခွဲဖျက်ဆီးခံရတဲ့ တာဝါတိုင်ကတော့ အောက်ခြေစက်ပုံးအားလုံးနဲ့ ဆိုလာပြားတွေအားလုံးပျက်စီးသွား တယ်လို့ ဆိုပါတယ်။
ကျောင်းကုန်းမြို့မှာ Mytel တာဝါတိုင် တိုက်ခိုက်ခံရပြီး စစ်တပ်နဲ့ရဲတွေ အရပ်ဝတ်တွေနဲ့ လက်နက်ကိုင်ဆောင်ကာ ကင်းလှည့်စစ်ဆေးနေတယ်လို့ ကျောင်းကုန်မြို့ခံတွေက ပြောပါတယ်။
"ကျောင်းကုန်းမှာ Mytel တာဝါတိုင် တိုက်ခိုက်တာတွေ ၃ ကြိမ်ရှိပြီး၊ ရွာတွေမှာ ဖြစ်တာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းမှာ စစ်ဆေးရေးတွေ အထူးတင်းကြပ်နေချိန်ဖြစ်ပြီး မတရားအဓမ္မဖမ်းဆီးတာ တွေလည်း ရှိနေချိန် အခုလို ဖောက်ခွဲ ဖျက်ဆီးလိုက်တာလို့ ကျောင်းကုန်းပြောက်ကျားအဖွဲ့က ဆိုပါတယ်။
ကျောင်းကုန်းမြို့မှာ စစ်တပ်ပိုင် Mytel တာဝါတိုင်တွေကို အောက်တိုဘာလမှာ ၂ ကြိမ်နဲ့ နို၀င်ဘာလမှာ တစ်ကြိမ် စုစုပေါင်း ၃ ကြိမ် ဖောက်ခွဲဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းမှာ စစ်အုပ်စုပိုင် Mytel တာဝါတိုင်တွေ ဖျက်ဆီးခံရတာ အကြိမ် ၂၀ ကျော်ထိ ရှိလာပြီလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တွေရဲ့ မှတ်တမ်းများအရ သိရပါတယ်။
ဧရာ၀တီတိုင်းမှာ တာဝါတိုင်၊ တိုက်တာတွေ၊ ရုံးတွေ ဗုံးပေါက်ခွဲတာတို့ ၊ဒလန်ရှင်းလင်းတာတို့ကို တိုးမြင့်လုပ်ဆောင်လာတယ်လို့လည်း ဆိုပါတယ်။