close

NATO

close

January 25, 2023

နေတိုးအဖွဲ့ထဲ အမြန်ဝင်နိုင်ရေး တူရကီနှင့်ဆေးနွေးပွဲ ပြန်စလိုဟု ဆွီဒင်ဝန်ကြီးချုပ်ပြော

နေတိုးအဖွဲ့ကို အမြန်ဝင်ဖို့ ဆွီဒင်နဲ့ ဖင်လန်တို့ရဲ့ လျှောက်ထားချက်တွေနဲ့ ပတ်သက်ပြီး တူရကီနဲ့ ဆွေးနွေးပွဲတွေ ပြန်စချင်တယ်လို့ ဆွီဒင်ဝန်ကြီးချုပ်က ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။

“ကျနော်တို့ ဖင်လန်နဲ့အတူ နေတိုးအဖွဲ့ဝင်ဖြစ်လာတာထက် ပိုအရေးကြီးတဲ့ တခြား နိုင်ငံ လုံခြုံရေးမေးခွန်း မရှိပါဘူး” လို့ သူက သတင်းထောက်တွေကို ပြောပါတယ်။

စတော့ဟုမ်းမြို့တော်မှာ သီတင်းပတ်ကုန်ရက်က ဆန္ဒပြပွဲတွေအပြီး တူရကီသံရုံးနားမှာ ကိုရမ်ကျမ်းတစောင်ကို လက်ယာစွန်းရောက် နိုင်ငံရေးသမားတားက မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ အဲဒီနောက် တူရကီ၊ ဆွီဒင်နဲ့ ဖင်လန်တို့ သုံးနိုင်ငံဆွေးနွေးမှုကို တူရကီက အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ပါတယ်။

ဖင်လန်သမ္မတ ဆောင်းလီ နီနစ်တို့စ်ကတော့ သူ့နိုင်ငံဟာ နေတိုးအဖွဲ့ဝင်ဖြစ်ဖို့ တူရကီမှာ ရွေးကောက်ပွဲ ပြီးတဲ့အထိ စောင့်ရနိုင်ခြေရှိတယ်လို့ ဇန်န၀ါရီ ၂၄ ရက်မှာ ပြောလိုက်ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးတဲ့နောက် ဆွီဒင်နဲ့ ဖင်လန်တို့ဟာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့မှာ ပါဝင်ဖို့ မနှစ်က လျှောက်ထားခဲ့ပြီး လျှောက်ထားမှုကို တိုးတက်စေဖို့ လက်ရှိ နေတိုးနိုင်ငံအားလုံးရဲ့ ကျောထောက်နောက်ခံ လိုအပ်နေပါတယ်။

နှစ်နိုင်ငံဟာ တပြိုင်နက် မဟာမိတ်ဖွဲ့ဖို့ စီစဉ်ထားပေမယ့် တူရကီက  အကြမ်းဖက်သမားတွေလို့ ရှုမြင်တဲ့အရာတွေကို ဆန့်ကျင်တဲ့ ပိုမိုရှင်းလင်းတဲ့ ရပ်တည်ချက်မရခင်အထိ ဆွီဒင်ကို ကိုယ်စားလှယ်လောင်းအဖြစ် ထောက်ခံမှာမဟုတ်ဘူးလို့ တူရကီက ပြောပါတယ်။

ဆွီဒင်အစိုးရရဲ့ လျှောက်ထားမှုကို ထပ်ပြီးနှောင့်နှေးထားရင် ဆွီဒင်နဲ့ သူ့ရဲ့ NATO ပူးတွဲကမ်းလှမ်းမှုကို ပြန်လည်စဉ်းစားနိုင်တယ်လို့ ဖင်လန်နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၂၃ ရက်မှာ ပြောပါတယ်။

“ကျနော်တို့ ဒါကို အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် ဆုပ်ကိုင်ထားဖို့ လိုအပ်ပြီး တူရကီမှာ ရွေးကောက်ပွဲတွေ ကျင်းပဖို့ စောင့်ဆိုင်းရမယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး” လို့ နီနစ်စတိုက ကိယက်ဗ်မြို့တော်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးနဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဇလန်းစကီးကလည်း “ကျနော်တို့ဟာ ဖင်လန်နှင့် မဟာမိတ်ဖွဲ့ဖို့ လမ်းကြောင်းပေါ်မှာရှိနေတဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဆွီဒင်ကို အခိုင်အမာ ထောက်ခံပါတယ်” လို့ ပြောပါတယ်။ 

13 mins Ago

October 25, 2022

ဂျာမန်နှင့် အက်စ်တိုးနီးယားတို့ NATO တပ်ဖွဲ့နှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်

ဂျာမန်နဲ့ အက်စ်တိုးနီးယား နိုင်ငံတွေက စစ်သားအယောက် ၂၅၀ တို့ဟာ ‘ဘောလ်တစ်ကျား ၂၀၂၂’ လို့အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် အောက်တိုဘာ ၂၄ ရက်မှာ အက်စ်တိုးနီးယားနိုင်ငံ၊ အာမာရီမြို့မှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO နဲ့ပူးတွဲလေ့ကျင့်ခဲ့ပါတယ်။

ဂျာမန်လေတပ်နဲ့ ရေတပ်တို့ဟာ အက်စ်တိုနီးယားတပ်ဖွဲ့တွေနဲ့ အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၂၇ ရက်အထိ လေ့ကျင့်မှာပါ။ 

ပူးတွဲလေ့ကျင့်ရေးအစီအစဉ်က ဆိပ်ကမ်းတွေနဲ့ လေဆိပ်တွေလို အရေးကြီးတဲ့ အခြေခံ အဆောက်အဦတွေကို ကာကွယ်ရေးအပေါ် အာရုံစိုက်ထားပါတယ်။ ရုရှားက ယူကရိန်းကို ဖေဖော်ဝါရီလမှာ ကျူးကျော်လာကတည်းက နေတိုးဟာ ဥရောပတိုက် အရှေ့ဘက်ခြမ်းမှာ တပ်အင်အား တည်ရှိမှုကို တိုးမြှင့်ခဲ့ပါတယ်။ 

အက်စ်တိုးနီးယားမှာ တပ်စွဲထားပြီးသားဖြစ်တဲ့ ဂျာမန်စစ်သား ၁,၅၀၀ နှင့် ဂျာမနီစစ်တပ်ရဲ့ တပ်မဟာအသစ်တို့ ပူးပေါင်းမှာလည်း ဖြစ်ပါတယ်။

ဂျာမန်စစ်တပ်ဟာ အက်စတိုးနီးယား နိုင်ငံထဲမှာ ၂၀၂၃ ခုနှစ် ဧပြီလအထိ Amari လေတပ်စခန်း မှာ စခန်းချထားတဲ့ ယူရိုတိုက်လေယာဉ် ခြောက်စီးကိုလည်း ထောက်ပံ့ပေးခဲ့ပါတယ်။

3 months Ago
Up