close

NLD ခရိုင်ရုံး

close

March 14, 2022

မြိတ်မြို့ရှိ NLD ခရိုင်ရုံး မီးလောင်

တနင်္သာရီတိုင်း၊ မြိတ်မြို့  တပ်ပြင်ရပ်မှာရှိတဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ခရိုင်ရုံးမှာ  မတ်လ ၁၄ ရက် ညနေပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ 

လူမနေတဲ့ NLD ပါတီ အဆောက်အအုံကနေ မီး ဘာကြောင့်လောင်ကျွမ်းတယ်ဆိုတာကိုတော့ မသိရှိရဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဥက္ကာမင်းက “ အာဏာစသိမ်းကတည်းက ရုံးခန်းက ပိတ်ထားရတာ။ အခုလုပ်ရပ်ဟာအာဏာသိမ်းစစ်ကောင်စီနဲ့ သူတို့ရဲ့ လက်ပါးစေ ပျူစောထီးအဖွဲ့တွေ လုပ်တာ။ အခုကာလမှာ တနင်္သာရီတိုင်းအတွင်း တိုက်ခိုက်ခံရမှုတွေမှာ အာဏာသိမ်းစစ်ကောင်စီဘက်က အထိနာလာလို့ ”လို့ ပြောပါတယ်။ 

အဆိုပါ ပါတီရုံးဟာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ပိတ်ထားခဲ့တာဖြစ်သလို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကုန်ပိုင်းကလည်း ညအချိန်မတော် ပါတီရုံးကို ဗုံးခွဲခံရပြီး အဆောက်အအုံ အစိတ်ပိုင်းတွေ ပျက်စီးခဲ့ရပါသေးတယ်။

စစ်ကောင်စီအနေနဲ့  တနင်္သာရီတိုင်းထဲမှာ စစ်ရေးအရ ထိခိုက်မှုတွေရှိလာတဲ့အတွက် တိုင်းအတွင်းမှာရှိတဲ့ နိုင်ငံရေးပါတီရုံးတွေနဲ့ ပါတီဝင်တွေအပေါ် ပိုမိုဖိနှိပ်လာနိုင်တာကြောင့် အားလုံး သတိရှိကြဖို့ကို လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းထားပါတယ်။

2 mins Ago
Up