close

NLD ထောက်ခံသူ

close

September 30, 2022

သံဖြူဇရပ်-ရေးကားလမ်းပေါ်၌ NLD ထောက်ခံသူ ၁ ဦးကို စစ်တပ်က ပစ်သတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဘေးကလွဲရွာအဝင်၊ သံဖြူဇရပ်-ရေးကားလမ်းပေါ်မှာ စက်တင်ဘာ ၂၉ ရက် ညနေ ၄ နာရီလောက်က အန်အယ်လ်ဒီပါတီထောက်ခံသူ ဒေသခံ တယောက်ကို စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ် ခဲ့တယ်လို့ ဒေသခံတွေက  ပြောပါတယ်။

ဘေးတွဲဆိုင်ကယ် မောင်းနှင်လာတဲ့  မော့ကနင်ကျေးရွာနေ ကိုဝင်းခိုင်ကို သံဖြူဇရပ်-ရေး ကားလမ်းမကြီးဘေးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့က သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကိုဝင်းခိုင်မှာ ဦးခေါင်းကျည်ဖောက်ဝင်ဒဏ်ရာ ရရှိပြီး အခင်း ဖြစ်ရာ နေရာမှာပဲ  သေဆုံးခဲ့တာပါ။

သံဖြူဇရပ်-ရေးကားလမ်းမပေါ်မှာ သေဆုံးနေတဲ့ ကိုဝင်းခိုင်ရဲ့ ရုပ်အလောင်းကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက လာရောက်ကောက်ယူပြီး လမိုင်းဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

သေဆုံးသွားတဲ့ ကိုဝင်းခိုင်ဟာ  ၂၀၂၀ အထွေထွေရွေးကောက်ပွဲတုန်းက မော့ကနင်ကျေးရွာမှာ အန်အယ်လ်ဒီ ပါတီ အောင်နိုင်ရေးအတွက် စည်းရုံးရေး ဆင်းပေးခဲ့သူဖြစ်ပြီး ဘေးတွဲ ဆိုင်ကယ်မောင်းကာ အသက်မွေးဝမ်းကြောင်းနေသူ တယောက်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၂၄ ရက်ကလည်း ရေးမြို့နယ် ကလော့ကျေးရွာမှာ စစ်ကောင်စီတပ်က ဒေသခံ ဦးနိုင်ဦးကို ညမထွက်ရအမိန့် ဖောက်ဖျက်လို့ ဆိုပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံး ခဲ့ပါတယ်။

48 mins Ago

November 4, 2021

ရေးမြို့နယ်၌ NLD ထောက်ခံသူကို ဖမ်းမမိသဖြင့် ညီမဝမ်းကွဲကို စစ်တပ်က ဖမ်းဆီးပြီး နေအိမ်ကို ချိတ်ပိတ်

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အဘော်ကျေးရွာ၊ ပတ္တမြားတန်း(ကျားတန်း)က အန်အယ်လ်ဒီ ထောက်ခံသူ ရေလုပ်ငန်းရှင် ဒေါ်ဇင်မာအောင်ရဲ့နေအိမ်ကို နိုဝင်ဘာ ၃ ရက်နေ့ ည ၁၀ နာရီလောက်က ချိတ်ပိတ်သွားပြီး နေအိမ်မှာရှိနေတဲ့ ညီမဝမ်းကွဲ  တော်စပ်သူကို ဓားစားခံအဖြစ် ဖမ်း​ဆီးသွားတယ်လို့ သိရပါတယ်။

"ည ၁၀ နာရီလောက်လာပြီးချိတ်ပိတ်သွားတယ်။ ဒေါ်ဇင်မာအောင်တို့လင်မယားကို လာရှာတာ မတွေ့လို့ ရှိတဲ့သူ့ညီမဝမ်းကွဲကိုဖမ်းသွားတယ်၊ သူကနေအိမ်နဲ့ အလုပ်ရုံပေါင်းထားတာ ၊ အခုတော့ အိမ်ကိုချိတ်ပိတ်သွားတော့ အလုပ်ရုံကောပိတ်ခံရတာပေါ့"လို့ ​ဒေသခံတစ်ဦးက ပြောပါတယ်။ 

ဒေါ်ဇင်မာအောင်က အန်အယ်လ်ဒီပါတီ အမာခံထောက်ခံသူတစ်ဦးဖြစ်ပြီး ရေးမြို့က ရေလုပ်ငန်းရှင် တစ်ဦးလည်းဖြစ်ပါတယ်။

အလာားတူ ရေးမြို့နယ် အစင်စံပြကျေးရွာမှာလည်း  အန်အယ်လ်ဒီပါတီဝင် နှစ်ဦးရဲ့ နေအိမ်တွေကို   စစ်ကောင်စီက ချိတ်ပိတ်ထားပါတယ်။  

11 months Ago
Up