close

NLD ပါတီရုံး

close

November 13, 2021

ရေးမြို့နယ် NLD ပါတီရုံး မိုင်းခွဲဖျက်ဆီးခံရ

မွန်ပြည်နယ်  ရေးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မြို့နယ် NLD ရုံး နိုဝင်ဘာ ၁၂ ရက်နေ့ ည သန်းခေါင်ယံအချိန်က  မိုင်းဖောက်ခွဲဖျက်ဆီးခံခဲ့ရတယ်လို့  မြို့ခံတဦးကပြောပါတယ်။

“မိုင်းဖောက်ခွဲခံရတဲ့အသံက ကျယ်လောင်တယ်။ နောက်တော့ NLD မြို့နယ်ရုံး ဗုံးခွဲ ခံရတယ်ဆိုတာ သိကြတယ်။ ရုံးထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရှိရသေးပါဘူး။” 

ဗုံးခွဲမှုဖြစ်ပွားချိန်မှာ စစ်ကောင်စီတပ်က အဆိုပါအနီးဝန်းကျင်မှာ ရှိနေပြီး ညမထွက်ရအမိန့်ဆိုတော့ ဘယ်သူ့မှ သွားမကြည့်ရဲကြဘူးလို့ ဆိုပါတယ်။

ရေးမြို့နယ် NLD ရုံး  ရုံးဟာ မြို့ရဲ့ အပြင်ဘက် မော်လမြိုင်သွား ကားလမ်းမဘေးမှာရှိပြီး  ပြီးခဲ့တဲ့နှစ်က တည်ဆောက်ပြီးစီးခဲ့တာလို့ မြို့ခံက ပြောပါတယ်။

ရေးမြို့နယ် NLD ရုံး ဗုံးခွဲခံရတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က  မိုင်းခွဲဖျက်ဆီးသွားခဲ့တာလို့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။

မြန်မာတနိုင်ငံလုံးမှာရှိတဲ့ မြို့နယ်အတော်များများက NLD ရုံးတွေ ဗုံးခွဲဖျက်ဆီးခံနေရပြီး စစ်တပ်အားပေးထောက်ခံသူတွေရဲ့ လက်ချက်သာဖြစ်တယ်လို့ ပြောဆိုနေကြပါတယ်။

59 seconds Ago
Up