close

NLD လွှတ်တော်အမတ်နှင့်ညီမ

close

April 11, 2022

ပင်းတယမြို့တွင် NLD လွှတ်တော်အမတ်နှင့်ညီမဖြစ်သူနေအိမ် ချိပ်ပိတ်ခံရ

ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့ အနောက်ပိုင်း တောင်ရွှေပုထိုးကျေးရွာရှိ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ် ဦးထွန်းထွန်းနိုင်ရဲ့ နေအိမ်နဲ့ ညီမဖြစ်သူနေအိမ်တို့ ဧပြီ ၉ ရက်နေ့ မနက် ၁၀ နာရီခွဲလောက်မှာ ချိပ်ပိတ်ခံရတယ်လို့ သိရပါတယ်။

NLD လွှတ်တော်အမတ်ဟာ ဖမ်းဝရမ်းထုတ်ခံထားရတာကြောင့် မိသားစုအလိုက်ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖမ်းဝရမ်းထုတ်ခံထားရတဲ့ လွှတ်တော်အမတ် နေအိမ်နဲ့ ညီမဖြစ်သူရဲ့နေအိမ်တွေကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်ရှာဖွေစီးနင်ပြီး အိမ်ရှိပစ္စည်းတွေ ယူဆောင်တာတွေလည်း ပြုလုပ်နေကြတာလို့ ဒေသခံတဦးက ဒီဗွီဘီကိုပြောပါတယ်။

ဦးထွန်းထွန်းနိုင်ရဲ့ ယောက်ဖဖြစ်သူလည်း ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ  ၂၉ ရက်က ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ က နဲ့ တရားစွဲခံထားရကာ အခုအချိန်ထိ ပြန်မလွတ်သေးဘူးလို့ သိရပါတယ်။ 

ပင်းတယမြို့နယ်မှာ နေအိမ်ချိပ်ပိတ်ခံရတဲ့​ ဖြစ်စဥ်ဟာ ပထမဦးဆုံး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2 mins Ago
Up