close

NLD ဥက္ကဋ္ဌ

close

October 7, 2021

ရေးမြိုနယ် NLD ဥက္ကဋ္ဌ နေအိမ် စစ်ကောင်စီတပ် ဝင်ရောက်ရှာဖွေ၊ ပစ္စည်းအချို့ယူဆောင်

မွန်ပြည်နယ်  ရေးမြို့ ကျုံးပတ်လမ်းရှိ NLD မြို့နယ်ဥက္ကဋ္ဌ ဦးကျော်မိုးအေး နေအိမ်ကို အောက်တိုဘာ ၆ ရက်နေ့ညနေမှာ စစ်ကောင်စီတပ်တွေက သော့ရိုက်ဖျက် ဝင်ရောက်ရှာဖွေခဲ့ကြပြီး ပစ္စည်းတချို့ ယူဆောင်သွားခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။

ရေးမြို့ NLD မြို့နယ်ဥက္ကဋ္ဌ ဦးကျော်မိုးအေးဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ဦးဆောင်သူအဖြစ် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အလိုရှိသူတဦးဖြစ်ပြီး ရာဘာကျည်နဲ့ ပစ်ခတ်ဖမ်းဆီးခံခဲ့ရပေမဲ့ ကိုယ်လွတ်ရုန်း လွတ်မြောက်သွားခဲ့ပြီးကတည်းက ဒီနေ့အထိ နေအိမ်ကနေ ထွက်ပြေးတိမ်းရှောင်နေတာလို့ မိသားစုနဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

ဦးကျော်မိုးအေး ထွက်ပြေးတိမ်းရှောင်နေချိန်ကာလအတွင်း စစ်ကောင်စီတပ်ရဲ့ မကြာခဏ နေအိမ်ကို စောင့်ကြည့်ခံနေရသလို ညီဖြစ်သူနဲ့ ညီရဲ့သား တက္ကသိုလ်ကျောင်းသားတဦးပါ ဖမ်းဆီးခံထားရတယ်လို့ မိသားစုဝင်နဲ့ နီးစပ်တဲ့သူတဦးက ပြောပါတယ်။

ဦးကျော်မိုးအေးရဲ့ မိသားစုဝင်အချို့ ဖမ်းဆီးခံထားရသလို အချို့လည်း နေအိမ်ကနေ ဒီနေ့အထိ တိမ်းရှောင်နေရပါတယ်။

စစ်ကောင်စီတပ်တွေဟာ NLD ပါတီ၀င်တွေနဲ့ အားပေးထောက်ခံသူတွေကို အခုရက်ပိုင်းမှာ ဖမ်းဆီးတာတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေးမြို့နယ် NLD အမတ်ဟောင်း ဦးမျိုးဝင်းကို ဖမ်းမမိတာကြောင့် မိခင် နဲ့ သမီးဖြစ်သူကို ဖမ်းဆီးခဲ့ပြီး မိခင်ဖြစ်သူအား ပြန်လွှတ်ပေးခဲ့ပေမယ့် သမီးဖြစ်သူကို ဆက်လက်ထိန်းသိမ်းထားခဲ့ပါတယ်။

ရေးမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ ပါဝင်ပတ်သက်တဲ့သူတွေေ ဖမ်းဆီးခံရတာ ၃၀ ကျော်ရှိပြီလို့ သိရပါတယ်။

2 mins Ago

April 4, 2021

ရွှေပြည်သာ NLD ဥက္ကဋ္ဌကို အကြမ်းဖက်စစ်သားနှင့်ရဲအင်အား အများအပြားဖြင့် ဖမ်းဆီး

ရွှေပြည်သာမြို့နယ် NLD ဥက္ကဋ္ဌကို ဒီညနေပိုင်းက အကြမ်းဖက် စစ်သားနဲ့ ရဲအင်အား အများအပြား နဲ့ လာရောက်ဖမ်းဆီးသွားပါတယ်။

တာဆုံလမ်းဆုံက 97 Convention Store ဆိုင်နားမှာ စစ်ကောင်စီက ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူး၊ စစ်သားနဲ့ရဲအင်အား ၅၀ ကျော်လောက်က လာရောက်ဖမ်းဆီးတာလို့ ဒေသခံတွေက ပြောပါတယ်။

"အဲ့နားကလမ်းမကြီးတွေပေါ်မှာ စစ်ကားဆယ်စီးကျော်နဲ့ အရင်နေရာယူထားတာပါ။ ဆိုင်ကယ်တွေကိုလည်း အပြင်ပေးမထွက်ခိုင်းပါဘူး။ အကုန် ရပ်ကွက်ထဲပြန်လှည့်ဝင်ခိုင်းပါတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။

NLD ဥက္ကဋ္ဌ ဒေါ်မြမြဝင်းဟာ အ.ထ.က.(၂) ရွှေပြည်သာက ပင်စင်စားဆရာမတယောက်လည်း ဖြစ်ပါတယ်။

6 months Ago
Up