close

Non-CDM ဆရာမ

close

June 3, 2021

ပန်းတနော် မူလတန်းကျောင်းက Non-CDM ဆရာမ ၁ ဦး ဓားထိုးခံရ

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်မှာ ဇွန်လ ၃ ရက်နေ့က လက်ထောက်မူလတန်းပြ ဆရာမ ၁ ဦး လက်ကို ဓားနဲ့အထိုးခံခဲ့ရတယ်လို့ သိရပါတယ်။ 

ဝဲဒေါင့်အုပ်စု၊ ရေလဲကြီးကျေးရွာ မူလတန်းကျောင်းမှ Non-CDM လက်ထောက်မူလတန်းပြ ဆရာမဟာ နေ့လည်ပိုင်းက ဓားနဲ့ အထိုးခံရ တာလို့ ဒေသခံတွေက ပြောပါတယ်။

ရေလဲကြီးကျေးရွာသားတစ်ဦးက ဆရာမရဲ့ လက်ကိုဓားဖြင့်ထိုးခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရ ရှိခဲ့ပြီး အသက်အန္တရာမစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

မူလတန်းကျောင်း လက်ထောက်ဆရာမတစ်ဦးကို ဓားနဲ့ မထိုးခင် ကျောင်းအုပ်ကြီးရဲ့ နေအိမ်ကို လည်း မီးရှို့ဖို့ ကြံစည်ခဲ့သေးတယ်လို့ သိရပါတယ်။

ဓားနဲ့ထိုးခဲ့တဲ့ ရွာသားကို အကြမ်းဖက် စစ်ကောင်စီလက်နက်ကိုင်တပ်တွေက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။

5 mins Ago
Up