close

Non-CDM

close

January 28, 2023

Non-CDMများကို စုစည်းနိုင်သမျှစုစည်း၊ စည်းရုံးနိုင်သမျှ စည်းရုံးရေးမူ ကျင့်သုံးသင့်ဟု ဗကသ ထုတ်ပြန်

Non-CDM တွေကို စုစည်းနိုင်သမျှ စုစည်း၊ စည်းရုံးနိုင်သမျှ စည်းရုံးရေးမူဟာ တော်လှန်ရေးအောင်ဖို့ လက်တွေ့အဆန်ဆုံး အသင့်တော်ဆုံး မူဝါဒလို့ ယုံကြည်တဲ့အကြောင်း  ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ကြေညာပါတယ်။

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက မကြာသေးခင်က ထုတ်ပြန်ထားတဲ့ CDM မူဝါဒနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ)က သဘောထားအမြင်တွေ ဇန်နဝါရီ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာလိုက်တာဖြစ်ပါတယ်။

Non-CDMတွေဟာ တော်လှန်ရေးအတွက် အဓိကထားရမယ့် အင်အားစုတွေ မဟုတ်သလို အဓိကထားတိုက်ခိုက်ရမယ့် အင့်အားစုတွေ မဟုတ်ဘူးလို့ ယူဆကြောင်း အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီအတွက် CDMလှု ပ်ရှားမှုဟာ အတော် အထိနာစေခဲ့ပြီး ယနေ့ထိတိုင် CDM တွေကို လူမျိုးစုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတွေ အထိ လိုက်လံ ဖမ်းဆီးတာတွေ ရှိနေတာပါ။ 

ဒါ့အပြင် CDMဝန်ထမ်းတွေ အလုပ်ဝင်နေတဲ့ ပုဂ္ဂလိက ဆေးရုံတွေ၊ စာသင်ကျောင်းတွေက စလို့ အလုပ်ရုံမှန်သမျှ လိုက်လံ ရှာဖွေပြီး ဖမ်းဆီးချိတ်ပိတ်တာတွေ ရှိနေတယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

အဲဒီလို အခက်ခဲတွေ ရှိနေတဲ့ CDM ဝန်ထမ်းတွေအတွက် NUCCက ထုတ်ပြန်တဲ့ “CDM မူဝါဒ”အပေါ် နိုင်ငံရေးအင်အားစုအသီးသီးရဲ့ သဘောထားအမျိုးမျိုး ထွက်ပေါ်နေပါတယ်။

6 mins Ago

January 21, 2023

Non-CDM များကို အရေးယူရန်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်း CDM မူဝါဒ NUCC ကြေညာ

မြန်မာ့နွေဦးတော်လှန်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍတခုဖြစ်တဲ့ အကြမ်းအဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)မှာ ပါဝင်ခဲ့ကြတဲ့ နိုင်ငံဝန်ထမ်းတွေ၊ အဖွဲ့အစည်းတွေနဲ့ ကျောင်းသူာင်းသားတွေကို ဂုဏ်ပြုမှတ်တမ်းတင်တာနဲ့ Non-CDM တွေကို အပြစ်ပေးအရေးယူဖို့တွေ ပါဝင်တဲ့ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ-NUCC က ဇန်နဝါရီလ ၂၀ ရက်က ထုတ်ပြန်ထားပါတယ်။

တဖက်မှာ Non-CDMကို အပြစ်ပေးအရေးယူမယ်ဆိုတာတွေနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေပမယ့် အခုလို CDM တွေကို အသိအမှတ်ပြုတာကို ဝမ်းသာကြောင်းနဲ့ Non-CDM တွေအနေနဲ့လည်း အပြစ်ဒဏ်ကို ရှောင်ရှားနိုင်ဖို့ တွန်းအားတစ်ခုဖြစ်နိုင်တယ်လို့ ဆေးဘက်ဆိုင်ရာ CDM ဝန်ထမ်းတဦး ပြောပါတယ်။

“ကျနော်တို့ကတော့ လုပ်စရာရှိတာဆက်လုပ်နေရမှာပဲလေ အာဏာရှင်စနစ်ကို ကျနော်တို့ခံစားခဲ့ရ ပြီးပြီ။ အာဏာရှင်စနစ်ရဲ့ စနစ်ဆိုးကိုဘယ်လိုမှ မခံနိုင်လို့တွန်းလှန်နေတာ။ ဒီတော့ ကျနော်တို့ရဲ့စွန့်လွှတ် အနစ်နာခံမှုကို အခုလိုအသိအမှတ်ပြုတဲ့အတွက်ဝမ်းသာသလို Non-CDM တွေကိုလည်း အသိတရားရပြီး အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ပေါ့။ လာမယ့် အနာဂတ် ကလေးငယ်တွေအတွက် ဒီအာဏာရှင်ဆိုတဲ့ စနစ်ဆိုးကြီးကို အပြီးတိုင်မောင်းထုတ်ရမှာမလို့ သွေးမအေးပဲအဆုံးထိပါဝင်ကူညီပေးကြဖို့ကိုလည်း ကျနော်တို့ရဲ့ CDM ညီအစ်ကိုမောင်နှမတွေကို တောင်းဆိုပါတယ်” လို့ CDM ဆရာဝန်တစ်ဦးက ပြောပါတယ်။

နိုင်ငံ့ဝန်ထမ်း CDM တွေဟာတိုင်းပြည်ပြောင်းလဲရေးအတွက် တော်လှန်ရေးမှာ အရေးပါတဲ့ အင်အားစုတစ်ရပ် ဖြစ်တဲ့အတွက် NUCC အနေဖြင့် မှတ်တမ်းတင်ကြောင်း၊  အသွင်ကူးပြောင်းမှာ တရားမျှတမှုအတွက် အသိအမှတ်ပြု မှတ်တမ်းတင်ခြင်း၊ ဂုဏ်ပြုချီးမြှင့်ခြင်း၊ အမှန်တရားနဲ့ တရားမျှတမှုရှာဖွေခြင်းနဲ့ နစ်နာမှုများကို ပြန်လည်ကုစားပေးမှာဖြစ်ကြောင်း အဆိုပါ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒမှာ ဖော်ပြပါတယ်။

ဒါ့အပြင် JCC-CDM က ပေးပို့တဲ့ နိုင်ငံ့ဝန်ထမ်း CDM မူဝါဒစာတမ်းရဲ့ လိုအပ်တဲ့ ဥပဒေ၊ နည်းဥပဒနဲ့ လုပ်ထုံးလုပ်နည်းများကို ဆက်လက် ရေးဆွဲသွားမှာဖြစ်ကြောင်းနဲ့  Non-CDM တွေရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ အကြမ်းဖက်မှုများ၊ ရာဇ၀တ်မှုများကို ကျူးလွန်နေကြောင်း သက်သေအထောက်အထားတွေ့ရှိပါက သက်ဆိုင်ရာဒေသဥပဒေနဲ့ အရေးယူ ဆောင်ရွက်သွားမှာဖြစ်ကြောင်းမူဝါဒလေးချက်ကို အဓိထား ရေးဆွဲအတည်ပြု ထားတာဖြစ်ပါတယ်။

7 days Ago
Up