close

Nord Stream 2

close

September 28, 2022

ရုရှားဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု စစ်ဆေးရန် ဥရောပနိုင်ငံများ ကြိုးပမ်း

ဥရောပနိုင်ငံတွေဟာ ဆွီဒင်နဲ့ ဒိန်းမတ်တို့အနီး ဘော်လ်တစ်ပင်လယ်အောက်က လက်ရှိ လည်ပတ်နေတဲ့ ရုရှားဓာတ်ငွေ့ပိုက်လိုင်းနှစ်ခု ယိုစိမ့်ပေါက်ထွက်မှုတွေကို စစ်ဆေးဖို့ စက်တင်ဘာ ၂၇ ရက်က အပြင်းအထန် ကြိုးပမ်းနေပါတယ်။

Nord Stream 2 ပိုက်လိုင်း အနီးနားမှာ ပေါက်ထွက်မှုတခုကို တွေ့ရှိခဲ့ရပြီး သိပ်မကြာခင်မှာပဲ ဒိန်းမတ်ဟာ ရေကြောင်း ၅ မိုင်ပတ်လည်အတွင်း သင်္ဘောသွားလာခြင်းတွေကို ကန့်သတ်လိုက်ပြီးနောက်မှာ ဆွီဒင်ရေကြောင်းအာဏာပိုင်ဌာနက Nord Stream 1 ပိုက်လိုင်းက ပေါက်ထွက်မှု ၂ ခုအကြောင်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ အငြင်းပွားမှုတွေအကြား ပိုက်လိုင်းမှာ ဓာတ်ငွေ့ယိုစိမ့်မှုတွေကို တွေ့ရှိရတာဖြစ်ပါတယ်။ 

Nord Stream အော်ပရေတာကတော့ တနေ့တည်းမှာ ကမ်းလွန်ဓာတ်ငွေ့ပိုက်လိုင်း ၃ လိုင်း ပျက်စီးသွားကြောင်း ပြောပေမဲ့ ရုရှားနိုင်ငံပိုင် သဘာဝဓာတ်ငွေ့ကုမ္ပဏီ ဂက်စ်ပရွမ်းက မှတ်ချက်ပေးဖို့ ငြင်းဆိုပါတယ်။ 

ရုရှားဟာ သြဂုတ်လမှာ ဓာတ်ငွေ့စီးဆင်းမှုတွေကို မရပ်ဆိုင်းထားခင် လုပ်ထုံးလုပ်နည်းပိုင်းဆိုင်ရာ အခက်အခဲဖြစ်စေတဲ့ အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို အပြစ်တင်ပြီး Nord Stream 1 ကတဆင့် ဥရောပကို ဓာတ်ငွေ့ ထောက်ပံ့မှုကို ဖြတ်တောက်ခဲ့ပါတယ်။

Nord Stream 2 ပိုက်လိုင်းအသစ် ပြီးစီးနေပြီဖြစ်ပေမယ့်လည်း စီးပွားဖြစ် လည်ပတ်လို့တော့ မရသေးပါဘူး။

10 mins Ago

September 26, 2022

နော့ဒ်စထရင်းမ်တူး ပိုက်လိုင်းစီမံကိန်း ပြန်ဖွင့်ရန် ဂျာမန်လူမျိုးများ ဆန္ဒပြ

ယူကရိန်းစစ်ပွဲ စတင်အပြီး ရုရှားကနေ ဂျာမနီနိုင်ငံဆီကို လောင်စာဆီပို့ဆောင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ နော့ဒ် စထရင်းမ်တူး ပိုက်လိုင်းစီမံကိန်း ရပ်ဆိုင်းထားတာကို ပြန်ဖွင့်ပေးဖို့ ဂျာမနီနိုင်ငံ အရှေ့ခြမ်း ပင်လင်ကမ်းခြေမြို့ လဘ်မင်မှာ စက်တင်ဘာ ၂၅ ရက်က ဂျာမန်လူမျိုး ရာပေါင်းများစွာက ဆန္ဒပြကြပါတယ်။

Open Nord Stream 2" “အစိုးရ သွားရမယ်” စတဲ့စာတွေ ရေးထားတဲ့ ပိုစတာတွေကို ကိုင်ဆောင်ရင်း ဆန္ဒပြနေတာပါ။ ဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ရင် အပူပေးစနစ်ကို ပိတ်တာနဲ့ တူတူပဲ။ ဂျာမနီဟာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံတွေထဲက တစ်ခုဖြစ်ပြီး ဒီလိုမျိုးမဖြစ်နိုင်ပါဘူး” လို့ ဆန္ဒပြပွဲစီစဉ်သူက ပြောပါတယ်။

ဒီမြို့ဟာ ဂျာမနီမှာ Nord Stream 2 ပိုက်လိုင်း ဆိုက်ရောက်ရာ မြို့ပါ။ ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တာကို ဆန့်ကျင်တဲ့အနေနဲ့ ယူကရိန်းအမျိုးသမီးတဖွဲ့က စင်မြင့်ရှေ့မှာ တက်လာပေမယ့် လုံခြုံရေးဝန်ထမ်းတွေက စောင့်ကြပ်ပေးခဲ့ကြပါတယ်။

ဂျာမနီအဓိပတိ အောလော့ဖ်ှရွှိုက်ဇ်ရဲ့ ပင်လယ်ကွေ့ဒေသသို့ နှစ်ရက်ကြာ ခရီးစဉ်အတွင်း ဒုတိယမြောက်နေ့မှာ ဆန္ဒပြမှုဟာ စွမ်းအင်ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်ဖို့နဲ့ ရုရှားဆီက စွမ်းအင်လွတ်လပ်ရေး ရရှိရန် ကြိုးပမ်းတဲ့ လုပ်ရပ်လည်း ဖြစ်ပါတယ်။

မကြာသေးမီက ဂျာမန်စီးပွားရေးဝန်ကြီး ရောဘတ် ဟာဘက်ခ်ဟာ လဘ်မင်မြို့ဆီကို သွားရောက် လည်ပတ်ခဲ့ပြီး Nord Stream 2 ဟာ ဂျာမနီနိုင်ငံရဲ့ စွမ်းအင်လုံခြုံရေး အတွက် အခန်းကဏ္ဍတခု အဖြစ် ပါဝင်မယ့် “မြင်ကွင်း တခု ဒါမှမဟုတ် ကြိုမြင်နိုင်လောက်တဲ့ အခြေအနေမျိုးမရှိဘူး”လို့လည်း သူက ပြောပါတယ်။

2 days Ago
Up