close

NUG ကာကွယ်ရေးဝန်ကြီးဌာန

close

August 11, 2022

NUG ကာကွယ်ရေးဝန်ကြီးဌာနက ဧရာဝတီတိုင်းတွင် စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ဖွဲ့စည်း

ဧရာဝတီတိုင်းမှာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီကို ထိရောက်စွာ ခုခံတွန်းလှန်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့ ဧရာဝတီတိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ကို ဇူလိုင်လထဲမှာ ဖွဲ့စည်းခဲ့တယ်လို့ ဧရာဝတီတိုင်း စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“ဟုတ်ကဲ့၊ မြို့နယ် ပကဖများ၊ PDF၊ STF၊ LDF များနဲ့ ယခင်တည်းက ချိတ်ဆက် ဆောင်ရွက်နေပြီးသား ဖြစ်ပါတယ်။ အနည်းငယ် ကျန်ရှိနေသေးသော အဖွဲ့များနဲ့လည်း ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

ဧရာဝတီတိုင်းအတွင်းမှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက ချမှတ်ထားတဲ့ စစ်ဘက်ဆိုင်ရာ ကျင့်ဝတ် စည်းမျဉ်းတွေနဲ့အညီ လိုက်နာဆောင်ရွက်ပြီး ထိရောက်တဲ့ စစ်ရေးစီမံချက်တွေကို ဖော်ဆောင်နိုင်ဖို့ ကြိုးစားလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လပိုင်းထဲမှာလည်း ဧရာဝတီတိုင်း စစ်ဒေသကွပ်ကဲရေးအဖွဲ့ရဲ့ နန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် စစ်ဆင်ရေး ဆောင်ရွက်တာတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ဧရာဝတီတိုင်းမှာ စစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့ ဖွဲ့တာ မှန်ကန်ပြီး အဖွဲ့ထဲမှာပါဝင်တဲ့ တော်လှန်ရေးအဖွဲ့တွေအနေနဲ့ စစ်ဒေသခွဲကွပ်ကဲရေးအောက်က မစ်ရှင်တွေ လုပ်ဆောင်မှာ ဖြစ်ပြီး သီးသန့်လည်း မစ်ရှင်တွေ လုပ်ဆောင်သွားဖို့ရှိတယ်လို့ ပုသိမ်မြို့ပြပြောက်ကျား တပ်ဖွဲ့ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

37 mins Ago

April 2, 2022

ပြည်သူ့ရင်ခွင်ခိုလှုံလာသူ သားကောင်းများကို NUG ကာကွယ်ရေးဝန်ကြီးဌာန ကြိုဆို

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

“တော်လှန်ရေးက အရှိန်ရလာတာနဲ့အမျှ အစစအရာရာကိုစွန့်လွှတ်ပြီး တရားတဲ့ဘက်မှာရပ်တည်ခိုဝင်လာကြတဲ့ ပြည်သူ့သားကောင်းများရဲ့ အင်အားကလည်း အရေးအကြီးဆုံးအင်အားတစ်ရပ် ဖြစ်လာပါတယ်။ လူတစ်စု အာဏာတည်မြဲဖို့အတွက် စစ်ကောင်စီရဲ့ အသုံးချခံအနေနဲ့ ဆက်လက်မရပ်နိုင်တော့တဲ့ ပြည်သူ့စစ်သားကောင်းတွေက မိမိတတ်သိကျွမ်းကျင်ထားတဲ့ ဥာဏ်ပညာ ၊ ရဲရင့်မှုတွေကို မှန်ကန်တဲ့ ပြည်သူ့ဘက်မှရပ်တည်ပြီး တော်လှန်ရေးအတွက် နိုင်ရာဝန်ကို ထမ်းပိုးဆောင်ရွက်နေကြပါတယ်။”

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီတည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ  သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

စစ်အာဏာသိမ်းကာလ ၁ နှစ်ကျော်အတွင်း CDM လှုပ်ရှားမှုမှာ ပါဝင်လာသူတွေနဲ့  ပြည်သူ့ ရင်ခွင်ခိုလှုံလာတဲ့ တပ်မတော်သားတွေလည်း ထောင်နဲ့ချီ ရှိလာနေပြီ ဖြစ်ပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

“စစ်ကောင်စီရဲ့ မတရားဖိနှိပ် အနိုင်ကျင့်မှုတွေကြောင့် တပ်အတွင်းမှာလည်း လှိုက်စားပြိုကွဲနေကြသလို အားလုံးရဲ့ ပူးပေါင်းမှုတွေကလည်း အရှိုက်ထိစေပါတယ်။ ဒီလိုမတရားမှုတွေကိုတွန်းလှန်နိုင်ဖို့ အချိန်ကောင်းအခါကောင်းဖြစ်တဲ့အတွက် ပြည်သူ့ဘက်မှာရပ်တည်ပူးပေါင်းပြီး အမှန်တရားအတွက်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။”

4 months Ago
Up