close

NUG ပညာရေးဌာန

close

August 7, 2022

ယင်းမာပင်မြို့နယ် ကျေးရွာတရွာက NUG ပညာရေးဌာနရဲ့ ပညာရေးစုံညီပွဲတော်နှင့် ဆုပေးပွဲ (ဓာတ်ပုံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကျေးရွာတရွာမှာ  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနရဲ့ ၂၀၂၂-၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နဲ့ ဆုပေးပွဲအခမ်းအနားကို ဩဂုတ် ၆  ရက်က ကျင်းပပါတယ်။ 

အဆိုပါကျေးရွာမှာ ဆရာဆရာမ အယောက်  ၇၀ လောက်နဲ့  ကျောင်းသားကျောင်းသူ  ၆၀၀  လောက်ကို မူလတန်းမှ အထက်တန်းထိ ပညာသင်ကြားပေးနေတာဖြစ်ပါတယ်။

6 hours Ago

March 5, 2022

NUG ပညာရေးဌာနက လက်တွေ့အသုံးချပညာရပ်များသင်ကြားပေးရန် Burma Academy ဖွဲ့စည်း

တော်လှန်ရေးကာလအတွင်း လက်တွေ့အသုံးချပညာရပ်တွေကို သင်ကြားပေးနိုင်ဖို့အတွက် Burma Academy ဖွဲ့စည်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါကိုတော့ ကြားကာလပညာရေးအဖွဲ့အစည်းတွေဖြစ်ကြတဲ့ ရတနာပုံတက္ကသိုလ်၊ နွေဦး တက္ကသိုလ်၊ ဥဩအင်စတီကျု့၊ ဆေးတက္ကသိုလ်မန္တလေး ယာယီတက္ကသိုလ်ကောင်စီနဲ့ ဆေးတက္ကသိုလ် (၁) ကျောင်းသားသမဂ္ဂစတဲ့ အဖွဲ့အစည်းတွေ ပူးပေါင်းပြီး လေ့လာသင်ယူနိုင်တဲ့ ပလက်ဖောင်းတခုအနေနဲ့ ပူးတွဲတည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျောင်းသားတွေ ကိုယ်တိုင်ဖန်တီးတဲ့ ကြားကာလပညာရေးကို ဖော်ဆောင်ဖို့၊ နိုင်ငံရေး အတွေးအခေါ်နဲ့ လက်တွေ့အသုံးချနိုင်တဲ့ ပညာရပ်တွေကို သင်ကြားပေးခြင်းအားဖြင့် တော်လှန်ရေးကို အထောက်အပံ့ပြုဖို့၊ စစ်အာဏာရှင် ပညာရေး စနစ်ဟောင်းကို ဖြိုဖျက်ပြီး ဒီမိုကရေစီ ပညာရေးစနစ်အသစ်တခုဖော်ဆောင်ဖို့နဲ့ လူတိုင်း အကျုံးဝင်ပညာရေးကို တည်ဆောက်ဖို့စတဲ့ ရည်ရွယ်ချက် ၄ ခုနဲ့ Burma Academy သင်ကြားရေး ပလက်ဖောင်းကို တည်ထောင်လိုက်တာပါ။

အွန်လိုင်းသင်ကြားရေးပလက်ဖောင်းအတွက် အသုံးပြုမှာတွေကတော့ https://www.facebook.com/BurmaAcademyPlatform/ နဲ့ http://burma.ac/ ဖြစ်ပြီး တော့ အင်တာနက်စာမျက်နှာတခုထဲမှာ လက်တွေ့ အသုံးချပညာရပ်တွေကို ဝင်ရောက် လေ့လာနိုင်မှာ ဖြစ်ပါတယ်။

5 months Ago
Up