close

Patheingyi Revolution Force - PRF

close

March 28, 2022

ပုသိမ်ကြီးရဲစခန်း လက်လုပ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ

မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပုသိမ်ကြီးမြို့မရဲစခန်းဝင်းအတွင်း  မတ်လ ၂၈ ရက် နေ့လယ် ၁ နာရီခွဲက  လက်လုပ်ဗုံးနဲ့ ပစ်ခံရပြီး ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

လက်လုပ်ဗုံးဟာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရဲ့ နေအိမ်နဲ့  မြို့မရဲစခန်းမှူး ဒုတိယရဲမှူးရဲ့ နေအိမ်ကြားမှာ ကျကာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်ဆီးဆုံးရှုံးတာမရှိဘူးလို့ သိရပါတယ်။

ပေါက်ကွဲမှုဖြစ်တဲ့ ပုသိမ်ကြီးရဲစခန်းရှေ့မှာ အရင်ကတည်းက အတားအဆီး ချထားကာ ဗုံးကွဲအပြီးမှာလည်း  ပိတ်ဆို့စစ်ဆေးနေတယ်လို့ ပုသိမ်ကြီး မြို့ခံတဦးက ပြောပါတယ်။

ဒီလို ပုသိမ်ကြီးရဲစခန်းကို မိုင်းခွဲတိုက်ခိုက်တာဟာ ပုသိမ်ကြီးမြို့နယ် တော်လှန်ရေးအင်အားစု (Patheingyi Revolution Force - PRF ) က လုပ်ဆောင်တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

8 mins Ago
Up