close

PDFလူငယ်များ

close

September 16, 2021

ဖက်ဆစ်စစ်တပ်ကို တော်လှန်ရန် စစ်သင်တန်းတက်နေသည့် PDF လူငယ်များ အပိုင်း (၁)

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပွဲတွေကို အကြမ်းဖက်စစ်ကောင်စီက ရက်စက်စွာပစ်ခတ် ဖြိုခွင်းခဲ့ပြီးနောက် လူငယ်အများအပြား စစ်အာဏာရှင်ကို အမြစ်ပြတ် ချေမှုန်းဖို့ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( PDF ) ဖွဲ့ပြီးတဲ့နောက် လူငယ်အများအပြားက လက်နက်ကိုင်တိုက်ပွဲဝင်ရေးအတွက် စစ်သင်တန်းတက်ရောက်ဖို့ လွတ်မြောက်နယ်မြေကို  ရောက်ရှိလာခဲ့ကြတာပါ။

တောထဲတောင်ထဲမှာ ဒုက္ခမျိုးစုံကို သည်းခံကာ စစ်အာဏာရှင်တော်လှန်ရေးအတွက် စစ်သင်တန်းတက်ရောက်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ၀င်လူငယ်တွေအကြောင်းကို ပြည်သူများသိရှိစေဖို့ တင်ပြလိုက်ရပါတယ်။

စစ်သင်တန်းမှာ PDF လူငယ်တွေဟာ စစ်အာဏာရှင်ကို တိုက်ခိုက်ဖို့ အသက်ကိုပင်စွန့်ထားသူတွေ ဖြစ်တာကြောင့် မိမိတို့ရဲ့ မျက်နှာတွေကို ဖုံးကွယ်ဖို့ (မျက်နှာအုပ်ပေးရန်) မလိုသလို ခွင့်ပြုကြောင်း၊  ပြည်သူများအနေနဲ့လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကို နည်းမျိုးစုံနဲ့ ကူညီထောက်ပံ့နိုင်ကြောင်း သိရပါတယ်။

Photo -  MPA

1 day Ago
Up