close

PDF တပ်ဖွဲ့ဝင်

close

August 17, 2022

စစ်ကိုင်း ဘီးခွန်ဂိတ်ပစ်ခတ်မှုတွင် PDF တပ်ဖွဲ့ဝင်နှစ်ဦးအပါအဝင် ၄ ဦး သေဆုံး

စစ်ကိုင်းမြို့ တကောင်းရပ်ကွက် ဧရာဝတီတံတား (ရတနာပုံ) အဆင်း ဘီးခွန်ဂိတ်မှာ ဩဂုတ်လ ၁၇ ရက် မနက် ၈ နာရီက စစ်ကောင်စီတပ်နဲ့  ပြည်သူ့ကာကွယ်ရေးတပ် PDFတို့ အပြန်အလှန် ပစ်ခတ်မှုအတွင်း ၄ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။ 

ရန်ကုန်မှ မုံရွာလာတဲ့ အာကာသမှန်လုံယာဉ်အား အထုပ်တွေ ဖွင့်စစ်ဆေးရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာလို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။

“စစ်တပ်က သေနတ်နဲ့ ဝိုင်းချိန်ထားပြီး အထုပ်တွေဖွင့်စစ်နေလို့ PDF က ပစ်တာ၊ စစ်ကောင်စီဘက်က နှစ်ယောက် ထိတယ်။ အဲဒီမှာ ဝိုင်းပစ်တာ၊ စစ်တပ်ရော ရဲရော အဲဒီလိုပစ်တော့ ခရီးသည်တွေလည်း ထိတယ်၊ PDF နှစ်ဦးလည်းထိတယ်”လို့ ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF နှစ်ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး စစ်သားနှစ်ဦးနဲ့ ခရီးသည် ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။

“PDF က နှစ်ဦး၊ ခရီးသည်က မိန်းကလေးတဦး၊ ယောကျ်ားလေးတဦး သေတယ်။ ဒဏ်ရာရတာက ယောကျ်ားလေး နှစ်ဦး၊ မိန်းကလေး သုံးဦး၊ စစ်တပ်ဘက်က တပ်ကြပ်ကြီးတဦးနဲ့ တပ်သားတဦး ဒဏ်ရာရတယ်”လို့ ရှင်းပြပါတယ်။

လက်ရှိအခြေအနေထိ ဧရာဝတီတံတား (ရတနာပုံ) အဆင်း ဘီးခွန်ဂိတ်မှာ စစ်ကောင်စီတပ်တွေနဲ့ ရဲတွေကို လုံခြုံရေးအင်အားတိုးမြှင့်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

43 seconds Ago

June 4, 2022

စစ်ကောင်စီတပ်က PDF တပ်ဖွဲ့ဝင် အဝေးသင်တက္ကသိုလ်ကျောင်းသား ၂ ဦးကို ဖမ်းဆီး ပစ်သတ်

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အဝေးသင်တက္ကသိုလ်ကျောင်းသား ၂ ယောက်ကို ဖမ်းဆီးသွားပြီးနောက် ဇွန် ၄ ရက် ဒီနေ့မနက်မှာ စစ်တပ်က ပစ်သတ်လိုက်တယ်လို့ ကျောက်ပန်းတောင်း PDF ကထုတ်ပြန်ပါတယ်။

တပ်ရင်း ၁ တပ်ခွဲ ၂ က အသက် ၂၁ နှစ်အရွယ် ရဲဘော် ဟိန်းဇေယျာဖြိုးနဲ့ အသက် ၂၀ အရွယ် ဟိန်းဇေယျာဦးတို့ဟာ ဇွန် ၁ ရက်နေ့မှာ  လက်ပံပျားရဲစခန်းက တပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကို ခံခဲ့ရတာပါ။

ဇွန် ၃ ရက်မှာတော့ လူငယ် ၂ ယောက်ကို  လက်ပံပျားရဲစခန်းကနေ တပ်မ ၉၉ ဆီကို လွှဲပြောင်းပေးခဲ့ပြီး ဒီနေ့ မနက်အစောပိုင်းက စစ်ကြောရေးစခန်းမှာ ဟိန်းဇေယျာဦးရဲ့ ဦးခေါင်းကို သေနတ်နဲ့ တေ့ပစ်ပြီး ဟိန်းဇေယျာဖြိုးဟာလည်း သေနတ်နဲ့ပစ်ခတ်ခံခဲ့ရလို့ သွေးထွက်လွန် ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော် ၂ ယောက်ကို ဒီနေ့ ညနေ ၃ နာရီအမှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့ ကျောက်ပန်းတောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရတုန်းမှာ သူတို့ဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ နှိပ်စက်ညှဉ်းပန်းတာတွေကို ကြံ့ကြံ့ခံပြီး သစ္စာရှိရှိ ရဲရဲဝံ့ဝံ့နဲ့ ထုတ်ဖော်မပြောဆိုဘဲ နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခဲ့ကြတယ်လို့လည်း ဆိုပါတယ်။

ရဲဘော်ဟိန်းဇေယျာဖြိုးနဲ့ ဟိန်းဇေယျာဦးတို့ရဲ့ သစ္စာရှိရှိ ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့တာအတွက် မြို့နယ်တော်လှန်ရေးအဖွဲ့ အားလုံးက အာဇာနည်တွေအဖြစ် အသိအမှတ်ပြု ဂုဏ်ပြု ဝမ်းနည်းကြောင်း ထုတ်ပြန်ပြောဆိုထားပါတယ်။

2 months Ago
Up