close

PDF တပ်ဖွဲ့

close

February 13, 2023

ကလေးမြို့နယ်၌ PDF တပ်ဖွဲ့ဝင် ၅ ဦး မိုင်းနင်းမိပြီး ဒဏ်ရာရ၊ စစ်တပ် ပစ်ခတ်မှုကြောင့် လူငယ် ၁ ဦး သေဆုံးပြီး အမျိုးသမီး ၁ ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက်၊ အမျိုးသားညီညွတ်‌ရေးအစိုးရ လက်‌အောက်ခံ ကလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တပ်ခွဲတခုဖြစ်တဲ့ ကလေး PDF တပ်ရင်း-၄ ကရဲဘော်တွေ စစ်ကောင်စီရဲ့ထောင်မိုင်း နင်းမိတာကြောင့် ဒဏ်ရာအပြင်းအထန် ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၁ ရက် ညက ကလေး PDF တပ်ဖွဲ့ဝင်တွေဟာ တင်သားကျေးရွာအုပ်စုက ပျူစောထီးကျေးရွာဖြစ်တဲ့ ကျောက်ပြုတ်ရွာကို တိုက်ခိုက်ဖို့ သွားစဉ်မှာ ‌စစ်ကောင်စီရဲ့ ထောင်မိုင်း နင်းမိခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီထောင်မိုင်းကြောင့် ကလေး PDF တပ်ရင်း-၄ တပ်ဖွဲ့ဝင် ၃ ဦး ခြေထောက်ဖြတ်ရပြီး တဦးက မျက်လုံးထွက်သွားကာ ကျန်တဦးက ခြေသလုံး ကျည်ပေါက်သွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့ရတဲ့ တင်သားကျေးရွာ ဒေသခံတဦးက ‌ပြောပါတယ်။

“PDF အဖွဲ့ဝင် ၃ ယောက်က ခြေတဖက်စီ ဖြတ်ကြရတယ်။ တယောက်ကတော့ မျက်လုံးထွက်သွားတာ။ ကျန်တယောက်ကတော့ ခြေသလုံး ဟိုဘက်ဒီဘက် ပေါက်သွားတာ။ ကိုယ့်ကလေးတွေ မတော်တဆဖြစ်သွားတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။”

အသက်စွန့် တိုက်ပွဲဝင်နေတာမို့ ရဲဘော်တွေ စိတ်ဓာတ်ကြံ့ခိုင်မှုရှိပြီး ရရာနေရာကနေ ဆက်လက် ဆက်လက်တိုက်ပွဲဝင်နေမှာပါလို့ ကလေးPDF အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒဏ်ရာရထားတဲ့ရဲဘော်တွေကို ကလေးမြို့နယ်က CDM ဆရာဝန်နဲ့ ဒေသခံဆေးတပ်ဖွဲ့တွေပူး ပေါင်းဖွင့်လှစ်ထားတဲ့ ခဏတာအရိပ်ဆေးရုံးမှာ ဆေးကုသမှုခံယူနေကြရကြပါတယ်။

ဖေဖော်ဝါရီ ၉ ရက် ညနေ ၆ နာရီလောက်ကလည်း ကလေးမြို့၊ တောင်ဇလပ်ရပ်ကွက်မှာ ‌စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ဒေသခံလူငယ်တဦး သေဆုံးကာ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ကလေးမြို့တွင်းကနေ စစ်ကောင်စီတပ်သားတွေဟာ ဆည်မြောင်းရုံးနဲ့ သစ်တောရုံးမှာတပ်စွဲဖို့ စစ်ကား၃စီး၊ အိမ်စီးကား ၃ စီးနဲ့ လာရောက်ခဲ့စဉ် ကလေးမြို့ မြို့ပြစီမံချက် UGအဖွဲ့က အသင့်တပ်ဆင်ထားတဲ့လက်နက်ကြီး ၄၀ မမတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာတာပါ။

အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်ကထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုကြောင့် နယ်လှည့်စာရင်းစစ်ရုံးအနီး အနော်ရထာလမ်းမပေါ်က တံတားပေါ်မှာ ထိုင်နေတဲ့လူငယ် ၁ ယောက်ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ကာအမျိုးသမီးတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့တယ်လို့ဆိုပါတယ်။

"တံတားနားမှာထိုင်နေတဲ့ချိန် အပစ်ခံရတာ ၊ ခေါင်းမှာအပစ်ခံရလို့ပွဲချင်းပြီး သေတယ်။ ကလေးမလည်းတစ်ယောက်လည်း ကျည်ထိမှန်ပြီးဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ PDFတွေက လက်နက်ကြီးနဲ့ပစ်ပြီးပြေးတဲ့အချိန် စစ်သားတွေက သေနတ်တွေနဲ့ပစ်တာ။”လို့ ဒေသခံတစ်‌ဦးက ပြောပါတယ်။

ပစ်သတ်ခတ်ခံရတဲ့ လူငယ် ဘီးလိုထန်း(ခ) ဘီးဘီးဟာ လောက်တူ နှစ်ခြင်းအသင်းတော် ပါစတာရဲ့ သားဖြစ်တယ်လို့သိရပါတယ်။

သေဆုံးသွားတဲ့လူငယ်အတွက် နယ်လှည့်စာရင်းစစ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်တပ်ဝန်ရှိသူတွေထံ ဖြေရှင်းပေးဖို့ ချင်းအသင်းတော်ဆရာတော်နဲ့အဖွဲ့က ရုံးဝင်းအတွင်းဝင်ရောက်ဖို့သွားတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်ပြီး လူစုခွဲတယ်လို့ သိရပါတယ်။

ဓာတ်ပုံ-ကာယကံလူမှုကူညီရေးအသင်း

ဓာတ်ပုံ-PHO-Kalay

31 mins Ago

January 31, 2023

တနင်္သာရီ၌တိုက်ပွဲဖြစ်၊ ပုလောမြို့နယ်တွင် PDF နှင့် ပျူစောထီး ပစ်ခတ်မှုဖြစ်၊ မြိတ်တွင် စစ်တပ်က နေအိမ်များကို ချိုးဖျက်ဝင်ရောက်

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ မရင်းကြီးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေးပူးပေါင်းတပ်တို့ ဇန်နဝါရီ ၂၉ ရက်က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မရင်းကြီးရွာထဲကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်တွေ နာရီဝက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့ဘက်က စစ်ကြောင်းထိုးလာတာမျိုးရှိရင် ပြည်သူတွေ အတတ်နိုင်ဆုံး ဘေးလွတ်ရာကို ရှောင်နေကြဖို့ သတိပေးချင်ပါတယ်။ သူတို့နဲ့ ထိပ်တိုက်တွေ့တာမျိုး မရှိရအောင် နယ်တွေဘက်က ရွာသားတွေကို သတိပေးလိုပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ဇန်နဝါရီ ၂၈ ရက်မှာ မရင်းကြီးရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စာသင်ကျောင်း ထိခိုက်သွားတယ်လို့လည်း ဒေသခံအမျိုးသမီးတဦးက ဆိုပါတယ်။

တနင်္သာရီမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ဇန်နဝါရီ ၂၃ ရက်ကနေ ၂၅ ရက်အထိ တိုက်ပွဲဖြစ်ပွားရာ လူ ၃,၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

မြိတ်ခရိုင်၊ ပုလောမြို့နယ်မှာတော့ ကျောက္ကာကျေးရွာရှိ စစ်တပ်နဲ့ နီးစပ်သူတဦး လုပ်ကိုင်နေတဲ့ ခရုဖောင် ဒေသခေါ် ဂျင်းခရုဖောင် ၅ ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက ဇန်နဝါရီ ၂၉ ရက် နေ့လယ်ပိုင်းမှာ မီးရှို့ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“အဲဒီဂျင်းဖောင်ပိုင်ရှင်က စစ်တပ်နဲ့တွဲပြီး လုပ်ကိုင်နေတာ။ သေနတ်လည်းကိုင်ထားတယ်။ ပြည်သူတွေကိုယ်တိုင်က မျက်မြင်သက်သေနဲ့တကွ တိုင်တာ။ ကျနော်တို့ ဂျင်းခရုဖောင်ကို ရောက်တော့ ပိုင်ရှင်ကိုတော့ မတွေ့ဘူး။ ဂျင်းခရုဖောင်မှာ လုပ်နေတဲ့သူတွေကျတော့ ပြေးတာပေါ့။ ကျနော်တို့လည်း ဂျင်းဖောင်ကို မီးရှို့ထားခဲ့တယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ မီးရှို့ပြီးပြန်လာတော့ ရွာထဲမှာရှိတဲ့ ပျူစောထီးတွေက ဘုရားပေါ်ကနေ ပစ်ခတ်တဲ့အတွက် မိနစ် ၃၀ လောက် နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။

နီးစပ်ရာဒေသခံတဦးက “ရွာဘုရားပေါ်ကနေ ပျူစောထီးတွေ သေနတ်ပစ်သံကိုတော့ ကြားရတယ်။ ကျနော်တို့က သေနတ်သံကြားရင် ကြောက်တာပေါ့။ နောက်တော့ စစ်တပ်နဲ့ဆက်စပ်တဲ့ ဂျင်းဖောင်ကို PDF တွေက မီးရှို့ခဲ့တယ်လို့ကြားတယ်” လို့ ပြောပါတယ်။

ပုလောမြို့နယ်ထဲက ကျေးရွာတော်တော်များများမှာ ဂျင်းခရုလုပ်ငန်းကို အဓိက လုပ်ကိုင်နေကြပြီး ဂျင်းခရုလုပ်ပိုင်ခွင့်နဲ့ ပတ်သက်လို့ ဒေသခံတွေနဲ့ လုပ်ငန်းရှင်အကြား မကြာခဏ ပြဿနာဖြစ်ပွားနေတဲ့အတွက် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကလည်း အရင်ကတည်းက သတိပေးစာတွေ ထုတ်ပြန်ထားတာလည်း ရှိပါတယ်။

ဇန်နဝါရီ ၃၀ ရက် ည ၁၂ နာရီ‌ကျော်လောက်က မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာနဲ့ မြိတ်တောင်နယ်မြေရှိ ရပ်ကွက်တချို့က နေအိမ်တွေကို စစ်ကောင်စီတပ်က ဝင်ရောက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံပြည်သူတွေဆီက သိရပါတယ်။

မြို့သစ်ရပ်ကွက်နဲ့ အင်းလေးမြိုင်ရပ်ကွက်ရှိ နေအိမ်တွေကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ ဧည့်စာရင်း ဝင်ရောက်စစ်ဆေးတယ်လို့ သိရပြီး နေအိမ်တချို့ကိုလည်း တံခါးတွေရိုက်ချိုးကာ စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတဦးက ဆိုပါတယ်။

“အိမ်တံခါးတွေ လာရိုက်ဖွင့်တာပါ။ ဘာဖြစ်လို့လဲမေးလိုက်တော့ လူလာရှာတာတဲ့။ ဘယ်သူ့ကိုရှာလဲ မသိဘူး။ လူရှာမတွေ့တော့ ဧည့်သည်ရှိလား မေးပြီးတော့ ဧည့်စာရင်းတောင်းပြီး ထပ်စစ်တယ်။ ယောကျ်ားတွေဆို လူခေါ်ပြရတယ်။ တခြားရပ်ကွက်တွေမှာလည်း စစ်သေးတယ်။ အိမ်ရိုက်ဖွင့်သံတွေလည်း ကြားရတယ်။ ကျောက်ခဲနဲ့ ကောက်ပေါက်သံလည်း ကြားရတယ်။”

အရင်က အဆိုပါရပ်ကွက်တွေမှာ အခုလို အင်အားအများအပြားနဲ့ ဝင်ရောက်စစ်ဆေးတာမျိုး မရှိ‌‌ပေမဲ့ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုတော့ ဧည့်စာရင်း တိုင်ကြားထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြိတ်မြို့နယ်ရှိ ကောင်းထက်စံကေတီဗွီမှာ အမျိုးသား ၃ ဦးက တခြားအမျိုးသား ၁ ဦးကို သေနတ်နဲ့ပစ်သတ်ပြီး ထွက်ပြေးသွားပြီးနောက် စစ်ကောင်စီတပ်က နေရာအနှံ့ စစ်ဆေးခဲ့ပါတယ်။

2 weeks Ago
Up