close

PDF နှင့် စစ်ကောင်စီတပ်

close

April 30, 2022

အင်းတော်မြို့နယ်၌ PDF နှင့် စစ်ကောင်စီတပ် တိုက်ပွဲပြင်းထန်

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မုံထုံတောင်ကြီးနဲ့ မင်းကုန်းကျေးရွာတွေမှာ ဧပြီ ၂၉ ရက် နေ့လယ်ပိုင်းက PDF တပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ 

“လက်နက်ကြီးတွေနဲ့ပစ်နေကြတာ။ နေ့လယ် တစ်နာရီခွဲလောက်က စဖြစ်တာ တိုက်ပွဲကပြင်းထန်တယ်။ အနီးနား‌ ကျေးရွာ နေထိုင်သူတွေ ပြေးနေရတယ်။"လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ 

အဆိုပါတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ 

ညနေပိုင်းအထိ လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်ကြပြီး ဒီရက်ပိုင်းမှာ မုံထုံတောင်ကြီး၊ မင်းကုန်း၊ နတ်စင်ကျွန်းစတဲ့ကျေးရွာတွေမှာ PDF တွေ အခြေချမှု ရှိနေတာကြောင့် စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးတာ ဖြစ်နိုင်တယ်လို့ အဲဒီကျေးရွာနေသူတွေက ဆိုပါတယ်။  

စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်နယ်စပ်ဖြစ်တဲ့ အင်းတော်နဲ့ ကသာမြို့နယ်တွေမှာ စစ်ကောင်စီ တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေက မကြာခဏဖြစ်ပွားနေတယ်လို့ သိရ ပါတယ်။ 

2 mins Ago
Up