ပြည်သူ့ကာကွယ်ရေးတပ် (PDF) ရန်ပုံငွေဖလားဘောလုံးပြိုင်ပွဲကို ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မိဇုနိုဖူဆယ်ကွင်းမှာ ဇွန် ၆ ရက်က စတင်ကျင်းပပါတယ်။
ဂျပန်ရောက် ဘောလုံးချစ်သူ မြန်မာနိုင်ငံသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အမျိုးသားအသင်း ၄၁ သင်းနဲ့ အမျိုးသမီးအသင်း ၄ သင်း ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမှာပါ။
ရရှိတဲ့ရန်ပုံငွေတွေကို အမျိုသားညီညွတ်ရေးအစိုးရရဲ့ မူဝါဒနဲ့အညီဖွဲ့စည်းထားတဲ့ မြန်မာပြည်တွင်းက ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေထံ လှူဒါန်းသွားမယ်လို့ ပြိုင်ပွဲကျင်းပရေးကော်မတီဝင် ဆရာကြယ်က DVB ကို ပြောပါတယ်။
ဇော်ဇော်လှိုင်