close

PDF ရဲဘော်များ

close

September 16, 2022

ယင်းမာပင်၌ ကျဆုံးခဲ့သည့် PDF ရဲဘော်များအတွက် တနှစ်ပြည့်အထိမ်းအမှတ် ဂုဏ်ပြုပွဲလုပ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရဲ့ အရှေ့မြောက်ဘက်ခြမ်းမှာ ကျဆုံးသွားခဲ့တဲ့ ရဲဘော်တွေအတွက် တနှစ်ပြည့် လွမ်းဆွတ်ဂုဏ်ပြုတဲ့အနေနဲ့ အထိမ်းအမှတ် အခမ်းအနား တခုကို စက်တင်ဘာ ၁၅ ရက်က ဒေသကာကွယ်ရေးတပ်ဖွဲ့ National People Defence Force -Yinmarbin (NPDF) က ပြုလုပ်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၅ ရက်က ယင်းမာပင်မြို့နယ် အရှေ့မြောက်ဘက်ခြမ်းမှာ စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းမှုကြောင့် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်လှမိုးဦး၊ ရဲဘော်နေဝင်းထွန်းနဲ့ ရဲဘော်သန်းဝေငြိမ်းတို့ ကျဆုံးကာ ကျေးရွာအတွင်းက အသက် ၇၀ အရွယ်ရှိ အပြစ်မဲ့ပြည်သူ အဘွားအို ၁ ယောက်လည်း လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရတယ်လို့ သိရပြီး သူတို့ကို အထိမ်းအမှတ် ဂုဏ်ပြုတဲ့အနေနဲ့ အခမ်းအနား ပြုလုပ်ရတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ National People Defence Force - Yinmarbin (NPDF) ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“လွန်ခဲ့တဲ့တနှစ်က ရွာထဲမှာ ကင်းစောင့်နေချိန် ဒလန်တွေက ငွေကြေးပေးပြီး စကစတပ်ကို ခေါ်တယ်။ ရွာအဝင်တံတားမှာ ကင်းစောင့်နေချိန် ဝင်ပစ်ခံရတာပါ။ အဲ့ဒီမှာ ကျနော်တို့တပ်ဖွဲ့က ရဲဘော် ၃ ဦး ကျဆုံးခဲ့ရတယ်။ နောက်ပြီး စကစတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရွာထဲက အသက် ၇၀ အရွယ် အဘွားအို ၁ ဦးလည်း ဆုံးပါးသွားခဲ့ရပါတယ်။ သူတို့အားလုံးကို လွမ်းဆွတ်ဂုဏ်ပြုတဲ့အနေနဲ့ အခုလို အထိမ်းအမှတ်ပွဲကို ပြုလုပ်ရတာ ဖြစ်ပါတယ်။ ဒီနေ့မှ ထုတ်ပြန်ရတာပါ။”

အဲ့ဒီဂုဏ်ပြုပွဲအခမ်းအနားမှာ ‌သေဆုံးသွားသူတွေအတွက် အထိမ်းအမှတ်နေရာတခု သတ်မှတ်ကာ လွမ်းသူ့ပန်းခွေ၊ ပန်းစည်းတွေချတာနဲ့ အလေးပြုတာတွေကို ပြုလုပ်ခဲ့ပြီး တော်လှန်ရေးအင်အားစုတွေလည်း တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းမာပင်မြို့နယ်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ အားကောင်းတဲ့ ဒေသတခုဖြစ်ပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအကြား မကြာခဏ တိုက်ပွဲတွေဖြစ်ပွားနေကာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိပါတယ်။

3 mins Ago

April 10, 2022

စစ်ကောင်စီသင်္ကြန် မဆင်နွှဲကြရန် တောတွင်းရောက် PDF ရဲဘော်များ တော်လှန်သင်္ကြန်ကမ်ပိန်း ပြုလုပ်

မကြာမီ ကျရောက်တော့မဲ့ စစ်ကောင်စီပြုလုပ်တဲ့ ၂၀၂၂ သင်္ကြန်ပွဲမှာ ပြည်သူတွေ ဝင်ရောက်မပူးပေါင်းကြဖို့ တောတွင်းရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ရဲဘော်တွေက တော်လှန်သင်္ကြန်ကမ်ပိန်းတခု ပြုလုပ်ခဲ့ကြပါတယ်။

လတ်တလော စစ်အာဏာရှင်ကို တော်လှန်ရင်း ထောင်ထဲရောက်နေတဲ့ ရဲဘော်တွေ၊ သူတို့မိသားစုတွေ၊ တောတွင်းမှာ အသက်ပေးပြီး စစ်အာဏာရှင်ကို တိုက်ပွဲဝင်နေတဲ့ PDF တွေ၊ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် တောင်းဆိုဆန္ဒပြရင်း အသက်ပေးလိုက်ရသူတွေ၊ CDM ဝန်ထမ်းတွေနဲ့ ရပ်တည်ပြီး စစ်ကောင်စီသင်္ကြန်ကို ပြည်သူတွေ မပူးပေါင်းကြဖို့ အခုလို တောတွင်းသင်္ကြန် ကမ်ပိန်းပြုလုပ်တာလို့ PDF ရဲဘော်တယောက်က ပြောပါတယ်။

“အခုသင်္ကြန်က ကျနော်တို့အတွက် ပျော်စရာသင်္ကြန်မဟုတ်ပါဘူး။ တောထဲနဲ့ မြို့တွေထဲမှာ ပေးစပ်သူတွေရဲ့ သွေးတွေက မခန်းခြောက်သေးတဲ့အတွက် အခုလာမဲ့ သင်္ကြန်ကို ဆူညံသံအစား တော်လှန်သင်္ကြန်နဲ့ အစားထိုးပေးဖို့”  တိုက်တွန်းထားပါတယ်။

မြေအောက်တော်လှန်ရေးအဖွဲ့တွေလည်း နိုင်ငံတဝန်း စစ်ကောင်စီ ဦးစီးကျင်းပမယ့် သင်္ကြန်မဏ္ဏပ်တွေဆီ မသွားကြဖို့၊ စစ်ကောင်စီတပ်တွေအနား မသွားရောက်ကြဖို့၊  အရက်သေစာ သောက်စားမူးယစ် အော်ဟစ် ကခုန်တာမပြုလုပ်ဖို့၊ တေးသီချင်းတွေ အသံကျယ်လောင်စွာမဖွင့်ကြဖို့နဲ့ မိမိနေအိမ်မှာသာ နေထိုင်ကြဖို့ လူထုကို သတိပေး ထုတ်ပြန်ထားပါတယ်။

5 months Ago
Up